ဘုရားသခင် နိုင်ငံတော်ထဲမှာ

ဘုရားသခင် နိုင်ငံတော်ထဲမှာ
သင်ဟာ ဝန်ထမ်းလား အလုပ်လက်မဲ့လား

"သက်သေခံပါလား''
"ဟေ... အေး မခံတတ်ဘူး''

"ဆုတောင်းပေးပါလား ''
"မတောင်းတတ်ဘူး''

"ဘုရားရှိခိုးလိုက်ခဲ့ပါလား''
"ဘုရားက ရင်ထဲရှိပြီးတာပဲဟာ ''

"ဧဝံဂေလိဝေငှလိုက်ခဲ့ပါလား''
"ပုံသက်သေက အဓိကပါအေ''

ဘုရားရဲ့အမှုတော်မြတ်ထဲမှာ ကျွန်ုပ်တို့အားလုံး
အနည်းနဲ့အများပါဝင်ပတ်သက်နေပါတယ်

ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲမှာ ကျွန်ုပ်တို့ဟာ
ဘုရားသခင်ရဲ့ ဝန်ထမ်းတွေ ဖြစ်ပါတယ်

မဿဲ ၁၁: ၂၉မှာ သခင်ယေရှုက
"ငါ့ထမ်းပိုးကို တင်၍ ထမ်းကြလော့။''လို့ပြောတယ်

အဲ့ဒီ ဝန်က မိမိကားတိုင်မိမိထမ်းခြင်းကိုဆိုလိုတယ်

ကားတိုင်သည်
အပြင်လူကို ကျိုးပဲ့နာကျင်​စေတယ်

ကားတိုင်သည်
ဇာတိလူကိုချိနဲ့စေတယ်

ကားတိုင်သည်
ဇာတိသေခြင်း၏ ပြယုဂ်ဖြစ်တယ်

ကားတိုင်သည်
အလိုဆန္ဒတို့၏ မြှပ်နှံရာဖြစ်တယ်

ကားတိုင်သည်
အသွေးအသား၏ သင်္ချိုင်းဖြစ်တယ်

မိမိကိုယ်မိမိ
ဘုရားသားသမီးအစစ်အမှန်ပါဟု ယုံကြည်ထားလျှင်
ဘုရားပေးအပ်တဲ့ဝန်ဆိုတဲ့ ကားတိုင်ထမ်းထားခြင်း ရှိမရှိ ပြန်သုံးသပ်ပါလေ

ဘုရားနဲ့ပတ်သက်ရင်
ဆုမတောင်းချင်၊ ကျမ်းစာ မဖတ်ချင်၊ ဦးမဆောင်ချင်၊ သက်သေမခံချင်၊ မပံ့ပိုးချင်
စတဲ့မလုပ်ချင်ခြင်းများဟာ
ဘုရားသခင်ရဲ့နိုင်ငံတော်ထဲမှာ အလုပ်လက်မဲ့များသာ ဖြစ်ပါတယ်

အလုပ်လက်မဲ့ဖြစ်ခြင်းဟာ နေသာသလိုရှိပေမဲ့
ရိက္ခာလစာဆိုတဲ့ ရလဒ်ကောင်းတော့ မရနိုင်ပါ

မလုပ်ချင်ဘူးဆိုတဲ့စိတ်ကို ငြင်းလျက် ကားတိုင်ထမ်းလျက်
ကောင်းကင်နိုင်ငံတော်ထဲမှာ
ဘုရားသခင်ရဲ့ ဝန်ထမ်းတွေအဖြစ် အသက်ရှင်ပါ

နိုင်ငံတော်သားကောင်းများအတွက်
သာဓုသစ္စာရှိသော ငယ်သားဆိုတဲ့ ဂုဏ်ပုဒ်နဲ့အတူ
များစွာသောဆုလာဘ်တွေ ပြင်ထားပါတယ်။

(God Bless You)


Saw Winner


(စာရေးသူ Saw Winnerသည် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသည့် လူငယ်စာရေးဆရာတဦး ဖြစ်သည်)