ရွာအိုလေးက ချီးမွမ်းသံ
ရိုးသားခြင်းမီးပုံဘေး
မာယာကင်းတဲ့တောင်တန်းကြီးရဲ့
ရင်းနှီးယိမ်းနွဲ့ပုံက
ဓမ္မဂီတကို သူ စားသုံးနေကျ ....
နှင်းသီး နှင်းစက်တွေလို ...... မြိန်ရှက်လို့ ...... ။
ပကာသနမပါတဲ့
တောင်ပေါ်လေအဝှေ့မှာ
တောပန်းလေးတွေက ဝဲတဲတဲ .... ။
ဂစ်တာသံမိုးထားတဲ့
စည်းလုံးခြင်းလက်ခုပ်သံတွေကြား
သဘာဝတရားဟာ ...... ကြည်မျှလို့ ......
ချစ်ခြင်းမေတ္တာက ...... တောင်ပုံယာပုံ .....
သတင်းကောင်းတွေ
အပြန်အလှန်ဝေမျှကြရင်း ........
" ဟာလေလူးယား " တေးသွားတွေနဲ့
ငါတကယ်ထူးခြားခဲ့တာ
အဲ့ဒီ ....... တောင်ဇလပ်ညလေးပေါ့ ။
ဆွန်လျန်မုန် ( မကွေး )
(ကလောင်ရှင် ဆွန်လျန်မုန် (မကွေး)သည် ကဗျာများ မြောက်များစွာ ရေးသားနေသည့် ကလောင်ရှင်တဦးဖြစ်သည်)