အားနေတဲ့နှစ်ထဲ စီးနေတဲ့မြစ်

အားနေတဲ့နှစ်က ......

အိမ်ထဲမှာပဲနေပါဆိုလို့ .....

စိတ်ထဲပျိုးထားတဲ့ကဗျာတွေ ချစိုက်မိ ။


အားနေတဲ့နှစ်က .....

လူချင်းခပ်ခွါခွါနေခဲ့ပေမယ့် ....

သခင်နဲ့တော့ ပိုနီးခဲ့ ။


အားနေတဲ့နှစ်က .....

ဝိညာဥ်ရေးရာ လေကောင်းလေသန့်တွေရဖို့ ....

အွန်လိုင်းဂျာနယ်တွေထဲ .....

ဓမ္မသီအိုလော်ဂျီတွေ ရှာဖတ်မိ ။


အားနေတဲ့နှစ်က ......

ဇာတိအစွယ်ကို ချိုးလို့ 

သခင့်ရဲ့ အသက်နွယ်မှာ 

ခိုတွဲရင့်သန်နိူင်ခဲ့တော့ 

အားနေတဲ့နှစ်ဟာ ...........

" ကျေးဇူးတော်မြစ် " လို ........ တသွင်သွင် ။


ဆွန်လျန်မုန် (မကွေး)

(ကလောင်ရှင် ဆွန်လျန်မုန် (မကွေး)သည် ကဗျာများ မြောက်များစွာ ရေးသားနေသည့် ကလောင်ရှင်တဦးဖြစ်သည်)