ခြေရာပြောင်းချိန်

လမ်းပျောက်သိုးရဲ့ နွမ်းခြေရာ 

အဖြူရောင်မုသားတွေ ဖြန့်ခင်းရင်း

ဓမ္မကို  စျေးဆစ် 

ဇာတိတေးနဲ့ ခရီးနှင် 

ကိုယ်လိုရာစွဲရင်း စွဲရင်း .... သခင်နဲ့ဝေး ... ။


အသက်တာဖွံ့ထွားမှုပုံရိပ်ထဲ 

နည်းပညာအဆန်းတွေ  

ဓနအနမ်းတွေကြား 

လောကီအသွေးအရောင်ကွန်ယက်ဟာ မိုက်မှောင် ။


ယုံကြည်ခြင်းတံတားပေါ် 

သခင့်အသံကြားရစေဖို့ 

နောင်တပန်းကိုရှိုက်ရှူ

ဝိညာဥ်တော်အလင်းတွေဖြာစင်းရင်း

ငြိမ်သက်ရာသခင့်အပါး

တိုး၍ ........ လှမ်းစို့လား ....... ။


ဆွန်လျန်မုန် (မကွေး)

(ကလောင်ရှင် ဆွန်လျန်မုန် (မကွေး)သည် ကဗျာများ မြောက်များစွာ ရေးသားနေသည့် ကလောင်ရှင်တဦးဖြစ်သည်)