နှုတ်ခမ်းကပြောင်းလဲပြီးဆို
နှလုံးသားကပုပ်ပျက်နေလို့
အသစ်သစ်တွေသာနှစ်သက်နေလည်း
နှလုံးသားကဟောင်းနွမ်းနေဆဲ
နာရီတွေကုန်ဆုံးပေမဲ့
အရင်နေရာမှာပဲ မင်းရှိနေတယ်
နှစ်သစ်ကိုအသစ်မပြောင်းလဲဘဲ
အဟောင်းနဲ့သာကျော်ဖြတ်နေပေမဲ့
မင်းနှုတ်ခမ်းကမကြာခဏပြောတတ်တယ်
ငါအသစ်သောအသက်ရှင်မှုမျိုးနဲ့အသက်ရှင်မယ်တဲ့
ဖြစ်လာရဲ့လားဆိုတော့လည်းဖြစ်မလာပါဘူး
ဒါနဲ့များ
နှစ်တိုင်း
နှစ်တိုင်း
ကြား
ကြား
နေရတာက
ငါဒီနှစ်မှာပြောင်းလဲပြီးဆိုဘဲ။
မာန်လေးနွယ်
(စာရေးသူ မာန်လေးနွယ်သည် ကဗျာများ၊ ဆက်အေးများ၊ ဓမ္မရေးရာစာစုများနှင့် ကလေးပုံပြင်မြောက်များစွာ ရေးသားနေသူဖြစ်သည့်အပြင် ရသမြောက်သော ၀တ္ထုများ ရေးသားနေသည့် လူငယ်စာရေးဆရာမ တဦးလည်းဖြစ်သည်)