ရင်းမြစ်

နံရံပေါ်ကနာရီသံမဟုတ်

စမ်းချောင်းစီးသံမဟုတ်

ဖြုတ်လိုက်တဲ့ မောင်း သံမဟုတ်

သဲ့သဲ့ကြားရတဲ့ ဒီနှလုံးခုန်သံက

တိတ်ဆိတ်ခြင်းကိုဖြိုတယ် . . . 


ကြယ်ရောင် လရောင်မဟုတ်

လမ်းဘေးမီးရောင်မဟုတ်

ဖန်တီးလုပ်ယူထားတဲ့ အလင်းရောင်မဟုတ်

အဖြူ ရောင် ဒီနှလုံးသားက

အမှောင်ထုကိုဖြိုတယ် . . .


အာဏာ မဟုတ်

မာယာမဟုတ်

ဂုတ်သွေးစုပ်တဲ့ သားကောင်မဟုတ်

စာနာတတ်တဲ့ ဒီနှလုံးသားက

အမုန်းတရားကို ဖြိုတယ်. . .


ဒီ နှလုံးသား

ဒီ နှလုံးသားတွေက

ဒီကမ္ဘာမြေကို အရောင်ပြောင်းစေတယ်။


လိုင်ဂျီယာ (မိုးကုတ်)

(ကလောင်ရှင် လိုင်ဂျီယာ (မိုးကုတ်)သည် ကဗျာများ မြောက်များစွာ ရေးသားနေသည့် ကလောင်ရှင်တဦးဖြစ်သည်)