ဗျို့ဟစ်သံ

ဗျို့.....ယုံကြည်သူအပေါင်းတို့.....
တနေ့သစ်လို့
မနက်ထ
ကိုယ်ဝောာ်နဲ့သာ အစပြုကြ။

လောကီရေးရာ
နောက်မှသာ
သမ္မာကျမ်းစာ အရင်ဖတ်ပါ။

သင့်အသက်တာ
အပ်နှံပါ
ဆုတောင်းခြင်းနဲ့ အစချီပါ။

သွားလေရာမှာ
မျက်မှောက်ထား
ကိုယ်တော်ဘုရား အလိုတော်များ။

လုပ်ကိုင်ရာရာ
သူ့ရှေ့မှာ
အသိသတိနဲ့ ပြုမူပါ။

ညအိပ်ရာဝင်
မအိပ်ခင်
ဘုရားရှင်ထံဝယ် ကျေးဇူးတင်။


ကိုရဲ(အောင်လံ)

(ကလောင်ရှင် ကိုရဲ(အောင်လံ)သည် ကဗျာများ မြောက်များစွာ ရေးသားနေသည့် ကလောင်ရှင်တဦးဖြစ်သည်)