သူဟာ မိုးတွေရွာတဲ့နေ့
မီးဖိုချောင်မှာမွေးပြီး မွေးနေ့ရက်ကို မသိခဲ့သူ
သူဟာ ဆရာဝန်တယောက်ဖြစ်လာမယ်လို့
သူ့အဖေက ဗျာဒိတ်ပေးခဲ့သူ
သူဟာရွာရဲ့ရိုးရာအထောက်အပံ့ ကြက်တွေကိုယူပြီး
ပညာရှာခဲ့သူ
သူဟာ ဘုရားသခင်ကို ဆုတောင်းခြင်းနဲ့ရင်းနှီးသူ
သူဟာကျောင်းဆရာဘဝနဲ့
တောင်ဇလပ်ပန်းများပွင့်စေခဲ့သူ
သူဟာဘုရားကိုလက်တွဲပြီး
ပြည်ပခရီးစွန့်စားထွက် ပညာရှာခဲ့သူ
သူဟာ အာမေးနီးယားနိုင်ငံမှာ ဆရာဝန်ဘွဲ့ရဖို့
ကျောင်းတက်ခဲ့သူ
သူဟာ ဘုရားသခင်ရဲ့မျက်နှာသာပေးခြင်းခံခဲ့ရသူ
သူဟာအပြုံးနဲ့
ပန်းအမျိုးမျိုးကို ပွင့်စေမဲ့သူ
သူ ... သူ... သူ...
သူဟာ မြန်မာပြည်တနေရာက
သားကောင်းဘုရားရှင်ရဲ့လူ ။
ယောန
(စာရေးသူ ယောနသည် အတွေးအမြင် စာစု၊ ကဗျာ၊ ဝတ္ထုများ မြောက်များစွာ ရေးသားနေသည့် စာရေးဆရာတဦး ဖြစ်သည်)