ပိုက်ဆံရှိပိုက်ဆံရှာနိုင်သူတွေမဟုတ်ရင်
ကိုယ့်အသိုင်းအဝန်းကသာ အိမ်လာရင် နေရာထိုင်ခင်းကောင်းရ ပြုစုခံလေးစားခံရ
ဆင်းရဲသားများမရှိတဲ့သူများလာရင် နေရာတောင်မပေးချင်တာ။
အမှုတော်ဆောင်သာမညောင်ညများလာပြီဆိုရင်
သမီးတွေဝှက်ထားရတာလည်းအမော။
ကွယ်ရာမှာ ထမင်းငတ်ချင်လားလို့တောင် ငေါ့သေးတာ။
နောက်ဆုံးကျတော့ ဝှက်ထားတဲ့သမီးပျို သူများခိုးမှမျက်ရည်ကျ။
ဆုတောင်းချက်တင်တာလည်း ခဏခဏ။
အွန်လိုင်းတရားဟောများဆို
ကောင်းကြီးတရား ချမ်းသာတရား အောင်မြင်တရားဆို အာမင်ထူးတာထိပ်ဆုံးက။
မလွတ်တမ်းနားထောင်ကြ တခါတလေများ၂ခါမကတောင် ထူးတတ်သေး။
ဆယ်ဘို့တဘို့ကစ အလှုငွေပေးချင်တောင်
နာမည်ကြီး အောင်မြင်ကျော်ကြား လူကြိုက်များသူ ဆရာများကိုသာ ပေးချင်တတ်။
ကိုယ့်အသိုင်းအဝန်းထဲ မရှိသူ မပြည့်စုံသူ ဆရာဆရာမများ ရှိတယ်တောင်မထင်၊ စိတ်တောင်မဝင်စား။
သက်သေခံတာတောင် ဘယ်လိုဘယ်လောက်ရပြီးဘယ်လောက် တိုးတက်သွားတာ
ဘယ်လို ဘယ်လို အောင်မြင်သွားတာ
ဘယ်သူက ဘယ်လိုဆိုတာလောက်ပဲ ပြောတတ်ပြီး
ဘုရားသခင်အကြောင်း အစတခွန်း အဆုံးတခွန်းသာ ပြောတတ်ကြ။
မရှိဆင်းရဲသားများသာ မပေးချင်မကျွေးချင် ဧည့်မခံချင်ကြတာ။
အဆင်ပြေသူရှိသူများကျ ပေးချင်ကျွေးချင်ရုံမက လိုက်ပါပြန်ပို့ပေးချင်ကြတာ စိုးရိမ်ပေးတတ်ကြတာ။
ဒါနဲ့များတောင်
ကိုယ့်ကိုယုံကြည်သူ ရင့်ကျက်သူ ခရစ်ယာန်စစ် ဘာစစ်ညာစစ်နဲ့
မြှောက်တဲ့သူကမြှောက် အာမင်ထူးတဲ့သူကထူး။
ကျမ်းစာဖတ်ဆုတောင်းထက် အွန်လိုင်းတရားပိုသာကြိုက်။
ဘုရားစကား ဘာမှန်းသာမသိသေးတာ။
တရားဟောချက်ကျ ဘယ်သူ့အတွက် ဘယ်ဝါ့အတွက်ဆိုတာတော့ ကောင်းကောင်းသိ။
မာနမရှိသလို ဟန်ဆောင်ပြီးပြုံးနေကြပြီး
နောက်ကွယ်ကျ ထိုင်သွားတဲ့နေရာတောင်
နွားနို့နဲ့ဆေးချင်နေကြတဲ့ ခင်ဗျားတို့စိတ်ဓာတ်
ဘုရားသခင်ရှေ့ စစ်ဆေးပေးဖို့ ဆုတောင်းရဲကြလား
ကိုယ့်နှလုံးသားကိုစစ်ဆေးတော်မူပါဘုရားလို့ပြောရဲကြလား...။
ကိုယ့်အတ္တမာနကြောင့် ထိခိုက်သွားသူတွေကို ဘုရားသခင်ဖော်ပြရင်တောင်
ဘုရားသခင်မှားနေတယ်လို့ ပြောကြဦးမှာမဟုတ်လား။
အချိန်နည်းနေပြီ ဘာကိုမှအပေါ်ယူသွားလို့မရဘူး။
ဘာကိုမှ အကျိုးမြတ်ပြန်မရဘဲမနေဘူး။
လုပ်ခဲ့သမျှ ဆိုးကောင်းကျိုးကြောင်းကို ခင်ဗျားတို့ ကိုယ်တိုင် သူ့အရှေ့ရပ်တဲ့အခါ...။
တည့်တည့်ရေးသည်
အကြည်
(စာရေးသူ အကြည်သည် ဓမ္မရေးရာစာစုများ မြောက်များစွာရေးသားနေသည့် စာရေးဆရာတဦးဖြစ်သည်)