ပြုံးနိုင်ဖို့

ကိုယ်ကဘယ်လောက်ချစ်ခြင်း မေတ္တာရှိလဲ ----

အဲသလောက်ပဲပြန်မျှော်လင့်ပေါ့

ကိုယ်ကဘယ်လောက်လေးစားတန်ဖိုးထားလဲ

အဲသလောက်ပဲ ပြန်မျှော်လင့်ပေါ့------

ကိုယ်က ဘယ်လောက်ခွင့်လွှတ်နားလည်ပေးသလဲ

အဲသလောက်ပဲပြန်မျှော်လင့်ပေါ့ ------

ဒါကဓမ္မတာပဲလေ

ဘယ်သူကမှ မင်းကို ပိုပိုသာသာ ခွင့်လွှတ်နားလည်လေးစားတန်ဖိုးထားမှာမဟုတ်တာ 

ယေရှု ကလွဲလို့ပေါ့ ---

ကိုယ်ပေးသလောက်ပဲပြန်ရမှာလေ 

တကယ်လို့မင်းသာ ယေရှုအတွက်လို့ ခေါင်းစဉ်တပ်ခဲ့ရင် 

ဖြစ်သမျှအကြောင်းသောင်းပြောင်းတွေထဲ 

မင်းပြုံးနိုင်သွားမှာပါ။ 


အကြည်

(စာရေးသူ အကြည်သည် ဓမ္မရေးရာစာစုများ မြောက်များစွာရေးသားနေသည့် စာရေးဆရာတဦးဖြစ်သည်)