အခုကာလဟာဆိုရင် နှစ်တနှစ်ရဲ့ နောက်ဆုံးသောလလည်းဖြစ်ပြီး အေးချမ်းလှတဲ့ ဒီဇင်ဘာလရဲ့ ခရစ္စမတ်ရာသီကို ရောက်ရှိလာခဲ့ပါပြီ။ အခုလိုအချိန်ကာလမျိုးမှာ အိမ်တွေမှာ ဘုရားကျောင်းတွေမှာ အလှအပတွေနဲ့တန်ဆာဆင်ခြင်း၊ ထင်းရှူးပင်များနဲ့ အလှဆင်ခြင်း၊ မီးရောင်စုံများပြင်ဆင်ပြီး ရှုချင်စဖွယ်ကောင်းလောက်အောင် ပြင်ဆင်နေကြမှာကိုလည်း ရှုမြင်ခံစားနိုင်မှာဖြစ်ပါတယ်။
Season's Greetingလို့ခေါ်တဲ့ နှုတ်ခွန်းဆက်ခြင်းစာလွှာတွေကို လုပ်ငန်းခွင်တွေရဲ့ Emailတွေမှာလည်း "Merry Christmas and Happy New Year"ဆိုတဲ့ စာသားပါရှိတဲ့ရုပ်ပုံတွေကို အသုံးပြုတတ်ကြတဲ့ ကာလတခုဆိုရင်လည်း မမှားပါဘူး။ ဟော်တယ်တွေ စားသောက်ဆိုင်တွေ ကုန်တိုက်တွေမှာလည်း ခရစ္စမတ်နဲ့သက်ဆိုင်တဲ့ အလှအပတွေနဲ့ တန်ဆာဆင်ကြပြီးတော့ ဧည့်သည်တွေကို ဆွဲဆောင်မှုပြုမူကြခြင်း၊ ခရစ္စမတ်သီချင်းတွေကို ဖွင့်ပြီး ကြိုဆိုနှုတ်ခွန်းဆက်ကြခြင်း၊ လက်ဆောင်တွေပြင်ဆင်ထားရှိခြင်း အစရှိတဲ့ အလုပ်ရှုပ်နေတတ်ကြတဲ့ အချိန်ကာလတခုလို့ ဆိုကြရပေမပေါ့။ နို့ပေတဲ့ အဲဒီအရာတွေကို လုပ်ဆောင်နေကြသူတိုင်းက ခရစ်ယာန်တွေမဟုတ်ကြပါဘူး။ စီးပွားရေးအရ ပြင်ဆင်ဆွဲဆောင်ခြင်း၊ အခြားသူများလုပ်ဆောင်၍ ပြိုင်ဆိုင်လိုခြင်းနဲ့အတူ ပြင်ဆင်ကြခြင်း၊ ပွဲခံရာကာလတခုလို့ မြင်ကြခြင်းဖြစ်ပြီး ယုတ်စွအဆုံး တချို့သောသူတွေအတွက်ကတော့ ခရစ်ယာန်တွေ ယစ်မူးရာအချိန်ကာလတခုဆိုပြီးလည်း မြင်ကောင်းမြင်နိုင်တတ်တဲ့အချိန်လည်း ဖြစ်နေတတ်ပါတယ်။
ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏။ (ရှင်ယောဟန်ခရစ်ဝင် ၃:၁၆)
ချစ်သောမိတ်ဆွေ ခရစ္စမတ်ဟာ မိတ်ဆွေအကျိုးအတွက်ဖြစ်တယ်လို့ လက်ခံပြီး မိတ်ဆွေရဲ့လုပ်ငန်း၊ မိတ်ဆွေရဲ့ဟိုတယ်၊ မိတ်ဆွေရဲ့အိမ်၊ မိတ်ဆွေရဲ့စားသောက်ဆိုင်၊ မိတ်ဆွေရဲ့အရာရာကို ပြင်ဆင်နေသလိုမျိုး သခင်ယေရှုခရစ်တော်ရဲ့ ကယ်တင်ခြင်းဟာ ယခုလက်ရှိဘဝ၊ နောင်တမလွန်ဘဝအတွက်လည်း ဖြစ်ပါတယ်။ အဲဒီသခင်ဟာ ကမ္ဘာသူ၊ ကမ္ဘာသားတွေ ဘယ်သို့ဘယ်ပုံ အကျင့်တရားနဲ့ အပ္ပါယ်မလားအောင် ကျင့်ကြံလုပ်ဆောင်နေကြပေမဲ့လည်း ငရဲလားရာလမ်းကနေ မလွတ်မြောက်နိုင်တာကို သိတဲ့အတွက်ကြောင့် အကျွတ်တရားလမ်းကို ပြင်ဆင်ပေးခဲ့ခြင်းဖြစ်ပါတယ်။
ဒါ့ကြောင့် ခရစ္စမတ်ဟာ မိတ်ဆွေအတွက်ဖြစ်သလို မွေးနေ့တော်ရှင် သခင်ယေရှုခရစ်တော်ဟာလည်း မိတ်ဆွေအတွက်ဖြစ်ပြီး အဲဒီသခင်နဲ့ အတူရှိတဲ့အသက်ဟာလည်း မိတ်ဆွေအတွက်ပဲဖြစ်ပါတယ်။ ယခုကာလ ခရစ္စမတ်ကို ပါဝင်ဆင်နွှဲဖို့ ပြင်ဆင်နေသလိုမျိုး မိတ်ဆွေရဲ့ဘဝအသက်တာထဲမှာလည်း သခင်ခရစ်တော်ယေရှုကို ခေါ်ဖိတ်လက်ခံဖို့ရာလည်း သတင်းကောင်းလေးပါးလိုက်ချင်ပါတယ်။ ယခုခရစ္စမတ်ကာလဟာ မိတ်ဆွေအတွက်၊ မိတ်ဆွေရဲ့မိသားစုအတွက်၊ မိတ်ဆွေရဲ့ပတ်ဝန်းကျင်အတွက် ကယ်တင်ခြင်းခံစားရာကာလတခု ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ကယ်တင်ရာနေ့ရက်ဟာ ယနေ့ပင်ဖြစ်တာကြောင့် မိတ်ဆွေက သခင်ယေရှုခရစ်တော်ကို မြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ ...
"ယေရှုခရစ်တော်သည် ကျွန်တော်/မ(အမည်)ရဲ့အပြစ်အတွက် လက်ဝါးကားတိုင်ပေါ်မှာ အသေခံအသွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံတော်မူပြီးတော့ ကျမ်းစာလာသည့်အတိုင်း ၃ရက်မြောက်သောနေ့မှာ ရှင်ပြန်ထမြောက်တာကို ယုံကြည်လက်ခံပါတယ်"
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
Titus Kyaw Nyi