ဆန်တာအဘိုးကြီးဟာ မျှော်သူတိုင်းဆီရောက်မလာပါဘူး

ဆန်တာအဘိုးကြီးဟာ သူ့ယာဉ်တန်းကြီးနဲ့ 

လက်ဆောင်အပြည့် 

အိမ်တိုင်း လူတိုင်းဆီ 

အရင်နှစ်တွေတုန်းက ထင်ထားသလို ထင်မိတုန်း


ဆန်တာအဘိုးကြီးဟာ 

ဆုတောင်းတိုင်း ကြားပြီး 

လိုတိုင်း ဖြည့်ပေးလိမ့်မယ် 

အဲ့ဒီလို တွေးမိတုန်း ဆုတောင်းမိတုန်း


ဆန်တာအဘိုးကြီး

သင့်ဆီ ရောက်လာဖူးရင် 

သင့်ကို လက်ဆောင်ပေးဖူးရင် 

သင်ဟာ တော်တော်ကံကောင်းတဲ့လူဖြစ်မယ် 

ဆန်တာအဘိုးကြီးက မျှော်သူတိုင်းဆီမလာပါဘူး


အခုဆို လဆန်းမှာပဲ တောင်းတဲ့လက်ဆောင်မရဖို့သေချာပြီ

ဒါပေမယ့်ဆန်တာအဘိုးကြီးဆီ လက်ဆောင်မျှော်နေမိတုန်း


မပြည့်စုံတဲ့ဘဝတွေအတွက် ဆန်တာအဘိုးကြီးအနေနဲ့

တနှစ်မှာ တခါလေး 

လူတိုင်းကို လက်ဆောင်တကယ်ပေးရင် ကောင်းမှာပဲ


ဆန်တာအဘိုးကြီးဟာ 

မျှော်သူတိုင်းဆီ တကယ်ရောက်မလာပါဘူး


ဆလိုင်းနံရံ


(စာရေးသူ ဆလိုင်းနံရံသည် ကဗျာ၊ အက်ဆေး၊ ဝတ္ထုနှင့် ပန်းချီကားချပ်များမြောက်များစွာ ရေးသားနေသည့် လူငယ်စာရေးဆရာတဦး၊ အနုပညာရှင်တဦး ဖြစ်သည်)