မြို့ငယ် -- မြို့ ယုတ်

အိုဗက်လင် ဧဖရတ်မြို့

သင်သည်   မြို့ငယ် မြို့ယုတ်ဖြစ်သော်

အုပ်စိုးသော သခင်သည် ငါ့အဖို့

သင့်အထဲမှာ ပေါ်ထွန်းလတံ့။ (မိက္ခာ ၅း၂)

ဗက်လင်မြို့ ဆိုတာ   မြို့ တော့မြို့ ပါ။

ဒါပေမယ့်  မြို့ရဲ့အင်္ဂါ လက္ခဏာနဲ့ မပြည့်စုံသေးတဲ့  မြို့ ငယ် 

ကောင်းမြတ်တဲ့အရာ မပေါ်ထွန်းဖူးသေးတဲ့အတွက်   

မြို့ ယုတ်လို့ မှတ်တမ်း တင်ထားသေးတယ်။

သင်ဟာ  လူတော့လူပါ။

ဒါပေမယ့်  လူတစ်ယောက်နဲ့ အလုံးစုံမတူတဲ့ လူ  

ဖြစ်ချင်ဖြစ်လိမ့်မယ်။

ချစ်ခြင်းမေတ္တာ၊ ကရုဏာ၊ သစ္စာ၊ မုဒိတာ

ကြီးမြတ်တဲ့  မွန်မြတ်တဲ့ လူတစ်ယောက်

ဖြစ်ချင်မှ  ဖြစ်လိမ့်မယ်။

သို့သော်လည်း  

ခရစ်တော်  သင့်အထဲမှာ မွေးဖွား ဖို့ရှိပါတယ်။

ခရစ်တော် မွေးဖွားဖို့ရန် သင့်ရဲ့ဆန္ဒ

အတ္တတွေကို  ဖယ်ရှားပစ်လိုက်ပါ။

သင့်အလိုထက် ဘုရားအလိုကို ဦးစားပေးလိုက်ပါ။

လူတွေအထင်မကြီးတဲ့ မြို့

လူတွေအ---------------    မြို့

ဒါပေမယ့်   

ထို မြို့ မှာ ခရစ်တော် မွေးဖွား

ပြီးတဲ့နောက်  ထင်ရှားတဲ့  မြို့ ဖြစ်သွားတယ်

ကျော်ကြားတဲ့ မြို့  ဖြစ်လာတယ်။

သင်ဟာ မနေ့က မြို့ငယ် မြို့ ယုတ် ဖြစ်သော် လည်း  

ခရစ်တော်အားဖြင့် 

ဒီနေ့ သင်ဟာ ထင်ရှားတဲ့ မြို့ 

ကျော်ကြားတဲ့ မြို့

အောင်မြင်တဲ့ မြို့

ဖြစ်လာပါလိမ့်မယ်။


နေတစ်စင်း (အင်းရဲကျွန်း)

(စာရေးသူ နေတစ်စင်း(အင်းရဲကျွန်း)သည် ကဗျာ၊ ရသစာတမ်း၊ ဝတ္ထုများ မြောက်များစွာရေးသားနေသည့်ကလောင်ရှင်တဦး ဖြစ်သည်)