စိုးရွံ့စရာ
နောက်ပြန်လှည့်စရာ
ခြေဟာ မြေမှာ မရှိခဲ့....
လမ်းမထက်က
ဒဏ်ချက်နဲ့သွေးစက်ကိုမြင်တယ်
လူ့ဇာတိအဖွဲ့အစည်းကလည်း ရှိတော့
လာမယ့်ဘေးကို တွေးတယ်... မေးတယ်
သူ့ခမျာ ပြေးစရာမြေရယ်မရှိ။
ဒီလို
သွေးနဲ့ရေးမယ့်လမ်း
ဒီဇာတ်လမ်းကို လွန်ချင်နေသူကြီး
တကယ်ကြီး မျက်နှာလွဲခဲ့လေသလား?
ဇာတိမှာ ဘုရားအရာအသက်ဝင်ခဲ့.......
ဘုရားဟာ
ဘုရားအလုပ်ကိုလုပ်လို့
ဘုရားဟာ
ဘုရားအမြင်ကို မြင်လို့
ဘုရားသခင်ဟာ..... ဘုရားသခင်ဟာ
ဟော့ဒီဝေဒနာလမ်းထဲ
မျက်နှာတော်လွဲခမ်း ရေးမိရင်
သုံးရက်မြောက်တဲ့နေ့မှာ သခင်ဟာ ရှင်သန်ခဲ့မှာမဟုတ်ဘူး။ ။
ခန့်သစ်ရင်
(စာရေးသူ ခန့်သစ်ရင်သည် ကဗျာ၊ အက်ဆေး၊ ဝတ္ထုနှင့် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသည့် လူငယ်စာရေးဆရာတဦး ဖြစ်သည်)