ဒီလို
ရမ်သမ်တွေ
ကာရံတွေနဲ့ ဆောင်းဟာ
အလင်းရောင်တွေကို ပွေ့ဖက်ထား
ထာဝရတည်ရှိနေမယ့်
စွမ်းအားအပြည့်နဲ့ ဘုရားရဲ့လူသား ။
ပုခုံးပေါ်က
လွယ်ကြိုးလေးတွေ လျော့ဖတ်ကုန်ပြီလား
ငါတို့လက်ချောင်းလေးတွေ ကျိန်းစပ်ကုန်ပြီလား
ဝမ်းမြောက်ခြင်းနဲ့ လူးလာ
ကမ္ဘာလောကသားတွေဆီ ရှေ့မှောက်
(အချိန်တန်တော့လည်း)
နွားစားခွက်နဲ့ ရမ်သမ်ဟာ အရောက်လာခဲ့တယ်။
ခန့်သစ်ရင်
(စာရေးသူ ခန့်သစ်ရင်သည် ကဗျာ၊ အက်ဆေး၊ ဝတ္ထုနှင့် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသည့် လူငယ်စာရေးဆရာတဦး ဖြစ်သည်)