သခင့်တွေ့ဖို့ သော့နှင်ပြေး
လူထုအလယ်မှာ ကမ်းဝေး
သဖန်းပေါ် တက်ပြေး
မျှော်ကာငေးလျက်
ဟို ဒီ ငေး
ယေရှုရှင်ရောက်နှင့်ပြီတဲ့လေး ။
အို... ဇက္ခဲရယ်
အမြန်သာဆင်းပါတော့ ... ။
ဝမ်းမြောက်ပီတိ ဂွမ်းဆီထိ
နှလုံးရင်အေး
သခင့် စကားသံ ။
ဧည့်ဝတ်ကျေစွာ ပြုငှာ
တခုတ်တရ လုပ်ကျွေးရာ
လေးဆတိတိ လျော်ကြေးပေး
ဘဝသစ်နဲ့ ခွင့်တော်ယူတဲ့
သခင်ရဲ့ ဇက္ခဲလေး။
ကျဲရ်
(စာရေးသူ ကျဲရ်သည် ကဗျာ၊ အက်ဆေး၊ ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသည့် လူငယ်စာရေးဆရာမတဦး ဖြစ်သည်)