သင်ဟာ တရက်ကို

သင်ဟာ

တရက်ကို ကျမ်းတစ်ပိုဒ်ကိုပဲ လက်တွေ့ အသက်ရှင်မယ်ဆိုရင်တောင်

တစ်နှစ်ပြည့်တဲ့အခါ 

ဘုရားစကားကို ၃၆၅ ခု အသက်ရှင်ပြီးပြီဖြစ်တယ်


၁၀နှစ်ပြည့်တဲ့အခါမှာဆို

ဘုရားအလိုတော်ကို များပြားစွာ ဖော်ဆောင်ပြီးသား ဖြစ်နေပါလိမ့်မယ်


တရက်ကို 

အများကြီး လိုက်လျှောက်စရာမလိုပါဘူး 

တပိုဒ်တည်းကိုပဲ စတင်လိုက်လျှောက်ဖို့ ဆုံးဖြတ်ပါ


ဘုရားကလည်း တရက်တည်း တကြိမ်တည်းနဲ့ 

တမဟုတ်ချင်းပြောင်းလဲလာဖို့ သင့်ကိုမမျှော်လင့်ပါဘူး


ဒါပေမဲ့

တရက်ချင်းစီ ဘုရားစကားကို ရွေးချယ်အသက်ရှင်သွားဖို့ မျှော်လင့်တယ်


ခြေတလှမ်းချင်းစီအတွက်

လမ်းပြနေတဲ့ နှုတ်ကပါတ်တော် မီးခွက်ကို ကိုင်ဆောင်အသက်ရှင်တဲ့အခါ

ကြာလာတာနဲ့အမျှ 

စုံလင်ရင့်ကျက် ကြီးထွားလာမှာဖြစ်ပါတယ်။ 


ဝိညာဉ်တော် စကားပြောပါစေ။


Saw Winner


(စာရေးသူ Saw Winnerသည် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသည့် လူငယ်စာရေးဆရာတဦး ဖြစ်သည်)