ဆိုင်ကယ်ရပ်ကာ ကားဆိုက်လာမဲ့အချိန်ကိုမျှော်နေမိသည်။ တလကျော်လောက်ဝေးနေတာမို့ အယ်ထီးကို အရမ်းသတိရနေမိသည်။ တခုခုဆို ရင်ဖွင့်စရာအယ်ထီးပဲ ရှိတာလေ။ အခုလို အဝေးရောက်နေချိန် အယ်သောအရမ်းအားငယ်နေမိသည်။ အရင်ကဆို ကိစ္စတခုခုဆို အယ်ထီးကိုသာ ရင်ဖွင့်နေကြ ပြောပြနေကြမို့ မရှိချိန် အရမ်းသတိရနေမိသည်။
နာရီဝက်လောက်ကြာတော့ ကားဆိုက်လာပြီး ကားပေါ်ကဆင်းလာတဲ့ အယ်ထီးတယောက် ဆိုင်ကယ်ဘေးမတ်တပ်လေးရပ်နေတဲ့ အယ်သောကိုပြေးဖက်ကာ
"အယ်အယ် မင်းငါ့ကိုလွမ်းနေတယ်မဟုတ်လား"
"အင်း... ကိုထီး အယ်အယ်,ကိုထီးကို ပြောပြစရာရှိတယ်"
"ပြောလေအယ်အယ်လေးရ... ဘာများလဲ"
"အရင်ဆိုင်ကယ်ပေါ်တတ်လေ။ ပြီးမှပြောပြမယ်"
"အယ်အယ် ပေးသော့။ ကိုထီးမောင်းမယ်"
"ဟင့်အင်း။ အယ်ဘာသာ အယ်မောင်းမယ်"
"သဘောပါဗျာ"
ဆိုင်ကယ်ကို ရွာဘက်မမောင်းဘဲ စမ်းချောင်းလေးဘက် မောင်းချသွားသည်မို့ အယ်အယ်ပြောချင်တာအရေးကြီးနေပြီဆိုတာ ရိပ်မိလိုက်သည်။ ဆိုင်ကယ်ရပ်ပြီး အထုပ်တွေ ဆိုင်ကယ်ပေါ်တင်ပြီး အယ်အယ်ကို ကြည့်လိုက်တော့ အယ်ထီးကို အားကိုးတကြီးမျက်လုံးလေးနဲ့ မော့ကြည့်နေရှာသည်။
"ကိုထီးအဟင့်... ဟင့်... အီး... ဟင့်.."
ရုတ်တရက်ရှိုက်ကာငိုချလိုက်တာမို့
"ဟင် အယ်အယ် ဘာဖြစ်လို့လဲ ဘာလို့ငိုတာလဲ"
"ကိုထီး အယ်အယ်ကြောက်တယ် အဟင့်... ဟင့်"
"ဘာကိုကြောက်တာလဲ။ အယ်အယ်ပြောပြလေ"
"ဆရာလေ ဆရာက"
"ဘယ်ဆရာလဲ အယ်အယ်လေးကို ဘာလုပ်လို့လဲ"
"ကျောင်းဆရာလေ"
"ပြောလေ... အယ်လေး မငိုနဲ့ ပြောပြ"
"အယ်ကို ယောက်ျားလေးချင်းကို အတင်းဖက်ပြီး စော်ကားဖို့လုပ်တယ်သိလား"
"ဘာ... မိုက်ရိုင်းလိုက်တာကွာ"
"အယ်အယ် အရမ်းကြောက်လို့ သူ့ကိုတုတ်နဲ့ရိုက်ပြီး ပြန်ပြေးလာတာ သူမထနိုင်ဘဲ ကျန်ခဲ့တာ"
"အယ်အယ် ဘာဖြစ်သွားသေးလဲ"
"မဖြစ်ပါဘူး သူအငြိုးထားပြီး အယ်အယ်ကို တခုခု လုပ်လိုက်မှာ ကြောက်တယ်ကိုထီး"
"မကြောက်နဲ့တော့။ ကိုထီးအယ်လေး အနားမှာရှိနေပေးမယ်နော်... စိတ်မပူနဲ့တော့နော်"
အားပေးရင်း ဖက်ထားပေးတော့ အယ်ထီးကို အားကိုးတကြီး ဖက်တွယ်ထားသည်။
"ကျောင်းဆရာ ကျောင်းဆရာ ခင်ဗျားလုပ်ရက်တယ်ဗျာ။ ကိုယ့်အပေါ် ရိုးရိုးသားသားနဲ့ ကူညီလုပ်ပေးတဲ့ကလေးမှ လုပ်ရက်တယ်ဗျာ။ ခင်များနေထားဦးပေါ့ မကြာခင်ကျုပ်တို့ ရွာက ထွက်သွားဖို့ပြင်ဆင်ထားပေါ့ဗျာ"
ဆက်ရန်
မာန်လေးနွယ်
(စာရေးသူ မာန်လေးနွယ်သည် ကလေးပုံပြင်မြောက်များစွာ ရေးသားနေသူဖြစ်သည့်အပြင် ရသမြောက်သော ၀တ္ထုများ ရေးသားနေသည့် လူငယ်စာရေးဆရာ တဦးလည်းဖြစ်သည်)