တခါတရံ အသင်းတော်က
ဘောလုံးပွဲနဲ့ အလားသဏ္ဍာန်တူပါတယ်
ဘောလုံးတသင်းမှာ
ဂိုးဖမ်းသူ ကန်သွင်းမဲ့သူနဲ့ဂိုးဖန်တီးသူဆိုပြီး ရှိပါတယ်
အဓိက ကိုယ့်တာဝန်ကိုယ်ကျေဖို့ပါ
ဂိုးကန်သွင်းသူနှင့် ဂိုးဖန်တီးသူ
တိုက်စစ်မှူးက ကန်သွင်းနိုင်ဖို့
ဂိုးဖန်တီးသူတွေက လိုအပ်ပါတယ်
အသင်းတော်မှာလည်း Mission တခုအောင်မြင်ဖို့
အချင်းချင်းပံ့ပိုးသူဖြစ်ဖို့ လိုအပ်ပါတယ်
သင်းအုပ်ဆရာက ကန်သွင်းမဲ့သူဆိုရင်
ဧည့်ကြိုများ သဘာပတိများက ဂိုးဖန်တီးသူပါပဲ
Worship Leaderက ကန်သွင်းမဲ့သူဆိုရင်
Backupများက ဂိုးဖန်တီးသူပါပဲ
Music Bandများက ကန်သွင်းမဲ့သူဆိုရင်
Sound Engineerများက ဂိုးဖန်တီးသူပါပဲ
ကိုယ်က ဂိုးဖန်တီးသူနေရာရောက်ရင်
အကောင်းဆုံးဂိုး ဖန်တီးပေးလိုက်ပါ
ကိုယ်က ကန်သွင်းမဲ့နေရာရောက်ရင်
အကောင်းဆုံးဂိုး ရယူပေးခဲ့ပါ
အသင်းတော်မှာ ရှိရမဲ့စိတ်နေစိတ်ထားက
သူမရှိလို့မဖြစ်ဘူးဆိုတဲ့စိတ်နဲ့
သူတစ်ပါးအပေါ်မြင်တတ်ဖို့လိုပြီး
ငါမရှိလဲဘုရားလုပ်နိုင်တယ်ဆိုတဲ့
နှိမ့်ချစွာ ကိုယ့်ကိုကိုယ် မြင်ဖို့လိုပါတယ်
ဂိုးဖမ်းသမားများ
ဆုတောင်းပေးသူများ စားဖိုဆောင်မှလူများဟာ
ဂိုးဖမ်းသမားများပဲ ဖြစ်ပါတယ်
ဂိုးဖန်တီးသူ ဘယ်လောက်ကောင်းပါစေ
ကန်သွင်းသူဘယ်လောက်ခြေစွာပါစေ
ဂိုးဖမ်းသမားမရှိလျှင် ရှူံးမှာ သေချာပါပဲ
လူသတိမထား လူမမြင်သော
နောက်တန်းမှ ဂိုးဖမ်းသမားများဟာ
ပွဲစဉ်ရဲ့ အနိုင်အရှုံးကိုပင် ဆုံးဖြတ်ပေးလေ့ရှိပါတယ်
ဟုတ်ပါတယ်
အသင်းတော်တခုရဲ့ Missionအောင်မြင်ဖို့
ဆုတောင်းပေးခြင်းမရှိလျှင်
ထိရောက်မှု မရှိပါဘူး
ဒီ့အပြင် ကျွေးမွေးဧည့်ခံမည့်သူများမရှိလျှင်
အမှုတော်ဆောင်များပင် ဗိုက်ဆာဆာနဲ့
ချစ်ခြင်းမေတ္တာအကြောင်း မဝေငှနိုင်ဘူးဆိုတာပါပဲ
ဘုရားသခင်စကားပြောပါစေ ။
Saw Winner
(စာရေးသူ Saw Winnerသည် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသည့် လူငယ်စာရေးဆရာတဦး ဖြစ်သည်)