ဘုရားသားသမီး တယောက်မှာ
ယုံကြည်ခြင်းနဲ့စိုးရိမ်ခြင်း တပြိုင်နက်အတူမရှိနိုင်ပါ
ယုံကြည်ခြင်း ရှိရင်ရှိ မရှိရင် စိုးရိမ်ခြင်းက
ရှိနေမှာ သေချာပါပဲ
ဘယ်အရာ ပိုအင်အားကြီးနေလဲဆိုတာက
ဘယ်အရာကို အစာပိုကျွေးနေလဲဆိုတဲ့အပေါ်
မူတည်ပါတယ်
ကျွန်ုပ်တို့မျက်စိနှစ်လုံးပွင့်တာနဲ့
ရောဂါပယ ထူပြောတဲ့လောကထဲ နိုးထလာကြတာပါ
သို့သော် ကျမ်းစာနဲ့ဖုန်း
ဘယ်အရာကို အရင်ဖွင့်ပါသလဲ
ဘုရားရဲ့ နှုတ်ကပါတ်တော်ဖွင့်တာနဲ့ ဘုရားရဲ့
ကတိတော်များကို တွေ့ရှိလာပြီး ထိုကတိတော်များမှ
ယုံကြည်ခြင်းကို ကြီးထွားသန်မာလာစေပါသည်
သို့သော်......
ဖုန်းအင်တာနက်(သို့)သတင်းစာ ဖွင့်လိုက်တာနဲ့
ထပ်တိုးလူနာ ဘယ်နှစ်ဉီး၊ သေဆုံးဘယ်နှစ်ဉီးကိုပဲ
တွေ့ရမှာ ဖြစ်ပြီး ထိုသတင်းများက ကျွန်ုပ်တို့ရဲ့
စိုးရိမ်ခြင်းကို ကြီးထွားလာစေပါသည်
အစိုးရရဲ့ ထုတ်ပြန်ချက်နဲ့ ရောဂါသတင်းတွေကို
မျက်ချည်မပြတ်ဖို့
ဖုန်းအင်တာနက်TV သတင်းစာကြည့်ဖို့ လိုအပ်ပါတယ်
ဒါပေမဲ့ ထိုသတင်းများမှတဆင့် ကျွန်ုပ်တို့ထဲ စိုးရိမ်ခြင်းများ မဖြစ်ပေါ်လာစေဖို့
နှုတ်ကပါတ်တော်သာလျှင် ကာသတ် ဆီးတားနိုင်ပါတယ်
Covidကို
တိုက်ထုတ်နိုင်မဲ့ ဆေးမပေါ်သေးပေမဲ့....
စိုးရိမ်မှုကို တွန်းလှန်တိုက်ထုတ်နိုင်မဲ့
ကြိုတင်ကာကွယ်ဆေးက နှုတ်ကပါတ်တော်ပါပဲ
မိတ်ဆွေ
ဘုရားသားသမီးဖြစ်တဲ့ သင်နဲ့ကျွန်ုပ်
ကြောက်ရွံ့ခြင်းနဲ့ ယုံကြည်ခြင်း
ဘယ်အရာကို အစာကျွေးနေပါသလဲ ။
Saw Winner
(စာရေးသူ Saw Winnerသည် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသည့် လူငယ်စာရေးဆရာတဦး ဖြစ်သည်)