ယေရှုက အပြစ်ဆိုတာ သိတောင်မသိသလို
လူကလည်း ဖြောင့်မတ်ခြင်းဆိုတာ သိကိုမသိဘူး
ဒါပေမဲ့ ယေရှုအပြစ်သားဖြစ်ခဲ့ရပြီး
လူက ဖြောင့်မတ်သူ ဖြစ်ခဲ့ရတယ်
ယေရှုအပြစ်သားဖြစ်တာ အပြစ်လုပ်လို့ဖြစ်တာမဟုတ်ပဲ
လူသားအားလုံးရဲ့အပြစ်ကို ယူတင်လိုက်လို့ အပြစ်သားဖြစ်ခဲ့ရသလို
သင်နဲ့ကျွန်ုပ် ဖြောင့်မတ်သူဖြစ်တာက ဖြောင့်မတ်နိုင်လို့မဟုတ်ပဲ
သခင်ယေရှုရဲ့ ဖြောင့်မတ်ခြင်းကို ယူတင်လိုက်လို့
ဘုရားသခင်ရှေ့မှာ ဖြောင့်မတ်သူ ဖြစ်ခဲ့ရတာပါ
ယနေ့ ကျွန်တော် ခရစ်တော်ကို ယူတင် ဝတ်ဆောင်နိုင်တာက
လွန်ခဲ့တဲ့အနှစ် ၂၀၀၀ ကျော်က ခရစ်တော် ကျွန်ုပ်ကို ယူတင်ဝတ်ဆောင်ခဲ့လို့ ဖြစ်ပါတယ်
အဘယ်ကြောင့်နည်း ဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည်အကြောင်းတည်း။ ( ၂ကော ၅ : ၂၁ )
Saw Winner
(စာရေးသူ Saw Winnerသည် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသည့် လူငယ်စာရေးဆရာတဦး ဖြစ်သည်)