ပတ်စပိုစ့်အတုနဲ့
ယေရှုဆိုသူက နာဇရက်မှာ မှတ်ပုံတင်တယ်
နွားတင်းကုပ်က
ဝတို့ပြည်မှာလို့ ခေါင်းစဉ်တပ်
အကြိမ်ကြိမ်မွေးဖွားတဲ့ ယေရှုတွေ
ငါ့ လေးဖက်လေးရံမှာ အစီအရီပေါက်ဖွား
သမ္မာကျမ်းထဲက
ထာဝရအသက်ကို ခွဲတမ်းချ
ကျေးဇူးတော်ဟာ လိုင်စင်ရခဲ့တယ်
ကယ်တင်ခြင်းရပြီးပြီ
ကျန်တာ ဘာမှမလိုတော့
အကြိမ်ကြိမ်ဖောက်ပြားခွင့်
ဒါဟာ ကျေးဇူးတော်သက်သက်
အဲ့ဒီ ပရောဖက်ကတော့ နောက်လိုက်များခဲ့တယ်
ငါတို့စိုက်ချင်သလိုစိုက်မယ်
ကျန်းမာခြင်းတွေ ချမ်းသာခြင်းတွေ သီးမယ်
သခင်ဟာ လိုင်စင်ပေးခဲ့ကြောင်းကို ပြောမယ်
သနားစရာ
ငါတို့ ဘုရားသခင်ဟာ လိုင်စင်မဲ့နေခဲ့တယ်။ ။
ခန့်သစ်ရင်