Machine Gun Preacher



ဇာတ်လမ်းအစပြုပုံ

လူပေလူတေ အကြမ်းပတမ်းသမားဖြစ်တဲ့ ဇာတ်လိုက်ကြီး ထောင်ကျနေတဲ့ကာလ တလျှောက်မှာ ငြိမ်သက်ခြင်းကို တွေ့ရှိသွားသူဖြစ်တဲ့ ဇာတ်ပို့လည်းဖြစ်တဲ့ ဇာတ်လိုက်လိုက်ဖြစ်တဲ့ အမျိုးသမီးဖြစ်သူကတော့ ခက်ခဲတဲ့ကာလကို ကျော်လွှားနေရပါတယ်။ သူ့အတွက် ခက်ခဲခြင်းကို သမ္မာကျမ်းစာ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်၊ အဖဘုရားအိမ်တော်ထဲကနေ ကျော်လွှားနေရပါတယ်။

ဇာတ်လိုက်ဖြစ်သူ ထောင်ကလွတ်ပြီးနောက်ပိုင်းမှာလည်း လုပ်လေ့လုပ်ထရှိတဲ့ ခိုးဆိုး လုနှိုက်ဘ၀မှာပဲ သံသရာလည်နေပါတယ်။ ဘိန်းရှူ ဆေးစွဲ အရပ်ထဲ လူမိုက်ဖြစ်ဖို့ မွေးဖွားလာသူဖြစ်တာမို့ တွင်းပျော်မြေခွေးဘ၀ဖြစ်တာတော့ မဆန်းပါဘူး။ ဆန်းကျယ်တာကတော့ လက်လွန်ခြေလွန်ဖြစ်ပြီးနောက်ပိုင်းပါပဲ။

 

အသက်တာပိုင်း ပြောင်းလဲလာပုံ

စရိုက်ခပ်ကြမ်းကြမ်းနဲ့ လူသားတယောက် သူသတ်သမားအဖြစ်နဲ့ ဘ၀ကို အဆုံးသတ်ရကာနီးမှ ဆင်းရဲဒုက္ခ အပြစ်လွှတ်ခြင်းကို ဘုရားသခင်ဆီမှာ တောင်းခံခွင့်ရခဲ့ပါတယ်။ အဲဒီနေ့ကစပြီးတော့ ရိုးသား ကြိုးစား ကောင်းကင်နိုင်ငံသား ဖြစ်လာပါတော့တယ်။

 

အိပ်မက်ရူပါရုံ

အသင်းတော်ဆီမှာ အကူအညီတောင်းခံရင်း ဒေသစာရီလှည့်လည် တရားဒေသနာ ဟောကြားတဲ့ တရားဟောဆရာတယောက်ရဲ့ ဆွဲဆောင်အားကြောင့် ဂန်းပစ်မောင်ဘ၀ကို ကူးပြောင်းဖို့ ဖြစ်လာပါတော့တယ်။ ဒေသနာ ဂန်းပစ်မောင်လို့ တင်စားရင် မမှားပါဘူး။ အာဖရိကတိုက်မှာရှိတဲ့ ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံမှာ ဘုရားကျောင်းဆောက်လုပ်ချင်တဲ့ ရူပါရုံမီးကို မငြိမ်းသက်နိုင်ခဲ့ပါဘူး။ အမေရိကန်မှာရှိတဲ့ နေထိုင်ရာ မြို့ငယ်လေးမှာလည်း ဘုရားကျောင်း ဆောက်လုပ်ခဲ့သေးတာကို ထောက်ကြည့်ရင် ဘယ်လောက်ထိ ရူပါရုံမြင့်မား ရင့်ထွားလိုက်လေသလဲ။ ဘုရားခေါ်သံလို့ပဲ ဆိုကြပါစို့။

 

တို့ထိမှုနဲ့ အစေခံမှု

အစကနဦးကာလတုန်းကတော့ တရားဟောဖို့ စိတ်အစဉ်မရှိတဲ့ ဇာတ်လိုက်ဖြစ်သူဟာ အာဖရိကရောက်ပြီး မကြာတဲ့ကာလမှာ လက်နက်ကိုင် တရားဟောဆရာဘွဲ့ကို ရရှိသွားပါတော့တယ်။ ကောင်းတဲ့လက္ခဏာဖြစ်မလား ဆိုးတဲ့လက္ခဏာဖြစ်မလားတော့ မသိရှိပေမဲ့ အမေရိကမှာရော အာဖရိကမှာပါ သူ တရားဟောနေပါပြီ။

တို့ထိခြင်းဆိုတာကို တရားသေ ပုံစံသတ်မှတ်ပြီး ယူဆ ရယူနေမယ်ဆိုရင်တော့ Machine Gun Preacherကို မကြည့်ရှုပါနဲ့လို့ ပြောပါရစေ။

 

Kristo