Guide Line


သမ္မာကျမ်းစာဟာ လူသားတိုင်းအတွက် 

မရှိမဖြစ် လိုအပ်သော Guide Lineတခုပါ


အဲ့ဒီ Guide Lineထဲမှာ

ထာဝရအသက်ကို ဘယ်လိုရနိုင်မလဲဆိုတဲ့နည်းလမ်း

ပြသနာတွေထဲ ဘယ်လိုရပ်တည်ရမလဲဆိုတဲ့နည်းလမ်း

အလုပ်ကို ဘယ်လိုကြိုးစားရမလဲဆိုတဲ့နည်းလမ်း

ဘယ်လိုအစေခံရမလဲ ဆိုတဲ့နည်းလမ်း

ဘယ်လိုဉီးဆောင်ရမလဲ ဆိုတဲ့နည်းလမ်း

ဘယ်လိုအိမ်ထောင်ဖက်ရှာတွေ့နိုင်မလဲ ဆိုတဲ့နည်းလမ်း

သားသမီးတွေကိုဘယ်လိုသွန်သင်ရမလဲ ဆိုတဲ့နည်းလမ်း 

စသဖြင့် အကုန်ရှိပါတယ်


အချို့ယုံကြည်သူလူငယ်တွေဟာ 

ဘဝမှာ ဘယ်လို အသက်ရှင်ရမလဲဆိုတဲ့ Guide lineကို 

သမ္မာကျမ်းစာမှာ မရှာဘဲ

ပြင်ပစာပေတွေမှာ စျေးကြီးပေးဝယ်ပြီး

ရှာနေတာ တွေ့ရတယ်


အခမဲ့ အချိန်မရွေးဖတ်လို့ရတဲ့ 

တရားစကားစာအုပ်ကတော့ 

စာအုပ်စင်ရဲ့ထောင့်မှာ ဖုန်အလိမ်းလိမ်းရှိနေပြီး

လူတွေရဲ့ ဘဝဒဿန ရသစာပေတွေကျ 

၅ထောင်ဆိုလည်း ဝယ်ဖတ် 

၈ထောင် ၁သောင်းလည်း ဝယ်ဖတ်နေကြတယ်


ပြင်ပစာပေတွေဖတ်တာ 

အချည်းအနှီးလို့မဆိုလိုပါဘူး 

ဖတ်ကြပါ အားပေးပါတယ် 

ကျတော်ကိုယ်တိုင်လည်း ဖတ်ပါတယ် 


သို့သော်

ထိုလောကစာပေတွေက 

အရာအားလုံးရဲ့အဖြေမဟုတ်ဘူးဆိုတာ 

ခရစ်ယာန်လူငယ်တွေ သိရပါမယ်


လူငယ်တိုင်းမဟုတ်ပါ 

အချို့ကိုပြောခြင်းပါ 

ဗာလဘုရားရှေ့မှာ ဒူးမထောက်တဲ့

ဣသရေလ လူ ၇ထောင်

ဘုရားအတွက်ရှိနေသေးသလို 

ဘုရားစကား သမ္မာတရားကိုဖတ်ရှုလိုက်နာတဲ့ 

လူငယ်တွေ ရှိနေဆဲပါ


ထမင်းပေါင်းအိုးတလုံးအတွက် 

အသုံးပြုပုံ အညွှန်းစာအုပ်က 

ပူးတွဲပါပြီးသား ဖြစ်သလို

ဘုရားဖန်ဆင်းထားတဲ့ လူတယောက်အတွက် 

အသက်ရှင်မှုလမ်းညွှန်က 

သမ္မာကျမ်းစာထဲမှာ ရှိထားပြီးသားပါ


သမ္မာကျမ်းစာကိုဖွင့်ဖတ်ခြင်းအားဖြင့် 

တရားစကားကိုတွေ့နိုင်ပြီး 

ထိုတရားစကားကသာ 

ဘယ်လို အသက်ရှင်ရမလဲဆိုတဲ့ 

ဘဝရဲ့ အဓိပ္ပာယ်ကို ရှာတွေ့မှာ ဖြစ်တယ်


သုတ္တံကျမ်း ၄:၂၂

အကြောင်းမူကား၊ ထိုတရားစကားကို တွေ့ရသောသူတို့သည် အသက်ရှင်ခြင်း၊ တစ်ကိုယ်လုံးကျန်းမာခြင်းအကြောင်းကို တွေ့ရပြီ။



Saw Winner


(စာရေးသူ Saw Winnerသည် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသည့် လူငယ်စာရေးဆရာတဦး ဖြစ်သည်)