ကယ်တင်ခြင်းရဖို့ လူ့လုပ်​ဆောင်ချက် လိုသလား

ဘုရားသခင်သည် လူသားများ ကယ်တင်ခြင်းရဖို့ရန် လူသားများ၏ လုပ်​ဆောင်ချက်တခုခုကို လိုအပ်​နေပါ​သေးသလား။ လူတစ်​ယောက်သည် ကယ်တင်ခြင်းကို လက်ခံရယူဖို့ရန် သူ၏အပြုအမူ၊ အ​နေအထိုင်၊ အကျင့်၊ ​ကောင်းမှု​တွေ၊ ဥပုဒ်တွေ စသဖြင့်ကို ​ဘုရားသခင်သည် တောင်းဆိုပါသလား။


​တောင်းဆိုခဲ့ပါမူ ​ယေရှုခရစ်​တော်၏ ကယ်တင်ခြင်းအစီအစဥ်သည် မလုံ​လောက်၍​လော။ အကယ်၍သာ မိမိတို့၏ အကျင့်တရားနှင့် ကျင့်နိုင်ပါလျှင်မူ ​သခင်ယေရှု​ ကိုယ်တောင်တိုင် ဆင်းကယ်ဖို့ရန် မလိုအပ်ပေတော့ဘူး မဟုတ်လော။ 

ဂလာတိအသင်း​​တော်အား ရှင်​ပေါလုသည် ထိုအမှုအ​ရေးအတွက် အ​ရေးတကြီး စာ​ရေးသည်။ အဘယ့်​ကြောင့်ဆို​သော် ဂလာတိလူတို့အား မှားယွင်းစွာ သွန်သင်နေ​သော ဆရာများနှင့် ထိုသူတို့​ဟော​ပြော​သော အခြား​သော ဧဝံ​ဂေလိတရား​ကြောင့်ဟု ဆိုကြပါစို့။


ဂလာတိဩဝါဒစာ ၁:၆-၇

ခရစ်တော်၏ ကျေးဇူးအားဖြင့် သင်တို့ကို ခေါ်တော်မူသောသူနှင့် ဤမျှလောက်မြန်မြန်ခွာ၍ သင်တို့သည်အခြားသော ဧဝံဂေလိတရားကို ခံယူကြရသောကြောင့် ငါသည်အံ့ဩခြင်းရှိ၏။ ထိုဧဝံဂေလိတရားသည် ဧဝံဂေလိတရားမဟုတ်။ သင်တို့ကို နှောက်ယှက်၍ ခရစ်တော်၏ ဧဝံ ဂေလိတရားကို မှောက်လှန်ချင်သောသူ အချို့ရှိကြ၏။


ဂလာတိလူ​တွေသည် အမှန်တကယ်​တွင် ဧဝံ​ဂေလိသတင်းစကားကို ကြားပြီးသား၊ ​ပြောင်းလဲပြီးသားသူ​တွေဖြစ်ကြသည်။ ရှင်​ပေါလု မရှိ​တော့သည့်အချိန်အခါတွင် သို့သော အခြင်းအရာဖြစ်လာ၍ သတိ​ပေးစာပြင်းပြင်းထန်ထန်​ရေးသား၍​ ​ပေးလိုက်ရခြင်းဖြစ်သည်။ 

အဆိုပါအပိုင်း​လေးအား အတိုချုပ်၍ ကြည့်ရ​အောင်။


"ဒီလူ​တွေက ဘုရားသခင်ရဲ့ကျေးဇူး​တော်က​နေ မြန်မြန်ခွာသွားကြတယ်" တနည်းအားဖြင့် ဂရိစကားလုံး (metatithemi) "လူတဦးမှတဦးသို့​ပြောင်း၍ သစ္စာခံခြင်း"ဟု အဓိပ္ပါယ်ဖွင့်ဆိုရပါမည်။ နိုင်ငံ​ရေး၊ အ​တွေးအ​​ခေါ်ပိုင်း စသဖြင့် အခြားဘက်ကို ​ပြောင်းသွားသည်ဆိုသောသ​ဘောဟု နားလည်ရပါသည်။  အဆိုပါ ဘက်​ပြောင်းသွားသူများ၊ တပ်​ပြေးများ စသူတို့အား ပုံပမာ သ​ဘောမျိုးနဲ့ ရှင်​ပေါလုက ဂလာတိလူများအား ဝိညာဥ်​ရေးရာ တပ်​ပြေးများဟု ​ပြော​နေခြင်းသဏ္ဍာန်မျိူး ဖြစ်နေပါသည်။


မည်သည်အတွက်ကြောင့် အဆိုပါသူတို့သည် ​ပြောင်းလဲသွားရခြင်းဟု လေ့လာကြည့်ရှုမိသောအချိန်တွင် "ဧဝံ​ဂေလိတရားဟာ မလုံ​လောက်ဘူး။ အကျင့်ပါရမယ်။ အ​ရေဖျားလှီးရမယ်" စသဖြင့်​ပြော​သော ယုဒဘာသာ​ရေးဆရာသမား​တွေ​ကြောင့်ဖြစ်သည်ဆိုသည်ကို​တွေ့ရှိရပါသည်။ တနည်းအားဖြင့်ဆိုရလျှင်​ "ခရစ်​တော်ပြု​​ပေးသော ကယ်တင်ခြင်းဟာ မလုံ​လောက်ဘူး။​ ကျေးဇူး​တော်မလုံ​လောက်ဘူး။ လူကလုပ်ရဦးမယ်"ဟု ဆိုလိုခြင်းဖြစ်​သော​ကြောင့်ပင်။


ထိုအရာ​များကြောင့် ဂလာတိလူ​တွေသည် အခြား​သောဧဝံ​ဂေလိတရားကို လိုက်သွားရခြင်းဖြစ်သည်ဟု သိရသောအချိန်တွင် ရှင်​ပေါလုသည် အင်မတန် စိတ်ထိခိုက်ရပါသည်။ အကြောင်းမှာ ၎င်းကိုယ်တိုင်သည် ဖာရိရှဲခဲ့ဖူးသည်။ အကျင့်ပိုင်းသော်လည်းကောင်း ဥပုဒ်ပိုင်းတွင်သော်လည်းကောင်း တခုမှလွတ်​စေရ။ ငါနှင့်ရွယ်တူထဲတွင် "မင်းကြိုက်သလိုရှာ မင်းကြိုက်တာနဲ့ တိုင်းနိုင်တယ်"ဟု ဆိုဝံ့သူဖြစ်သည်။ သူသည် အဆိုပါအခြေအနေ ရပ်ရပ်မှတဆင့် ပြောင်းလဲလာသူဖြစ်ခြင်းကြောင့် ပို၍ပင် ထိခိုက်နာကျင်ရသည်ဟု နားလည်ရပါသည်။


ရှင်​ပေါလုပို၍ နာကျင်ရ​သောအချက်မှာ ထိုသွန်သင်ချက်​တွေသည် ဧဝံ​ဂေလိတရားကို ​လျော့ပါး​စေခြင်း၊ ​ယေရှုခရစ်​​တော်၏ ​ကျေးဇူးတရားကို မလုံ​လောက်​စေခြင်း၊ ​​​​ကျေးဇူး​တော်​နောက်မှ ပြန်လည်ကာ လမ်းလွဲသွား​စေခြင်း၊ ​ဖောက်လွဲ​ဖောက်ပြန်ဖြစ်​စေခြင်းများသည် စစ်မှန်​သော ဧဝံ​ဂေလိတရားကို စော်ကားရာ​ရောက်​သော​ကြောင့် ပြင်းပြင်းထန်ထန် ​ရေးသားခြင်း​များကို ကိုယ်တွေ့ မျက်မြင် သိရှိရခြင်းကြောင့်ဖြစ်သည်။


အချုပ်အားဖြင့်ဆိုရ​သော် ဧဝံ​ဂေလိတရားစစ်စစ်သည် (ဧဖက် ၂:၈-၉) အရ ဘုရားသခင် သနား​တော်မူ​သော​ကြောင့်ဖြစ်သည်။​ ယုံကြည်ခြင်း​ကြောင့်ဖြစ်သည်။ ​ကျေးဇူး​​တော်ကြောင့်ဖြစ်သည်။ တနည်းအားဖြင့် ​ယေရှုခရစ်​တော်၏ ကားတိုင်​တော်တရား​ကြောင့်ဖြစ်သည်။ လူ၏ အကျင့်သိက္ခာ တခုမျှ မလိုအပ်ပေ။ အဆိုပါအရာအား ယုံကြည်လက်ခံရန်သာ လိုအပ်ခြင်းဖြစ်သည်။ ထိုအတွက်​ကြောင့် မည်သူမျှ ဝါကြွားစရာမလိုအပ်ဟု သမ္မာကျမ်းစာတွင် တိတိပပ ​ဖော်ပြထားရခြင်ဖြစ်သည်ဟု နားလည်ရပါသည်။ အဆိုပါတရားအား လုံ​လောက်မှုမရှိဘူးဟုဆိုကာ ထပ်မံဖြည့်စွက်နေရလျှင်တော့ အခြား​သော ဧဝံ​ဂေလိဖြစ်​​တော့​​ပေမည်။ အင်မတန် အန္တရာယ်များ​သော တ​​ဆေးရော​သော ဧဝံ​ဂေလိဖြစ်ပေတေ့ာ့မည်။  ဤနေရာတွင် ကယ်တင်ခြင်းကိုသာ ဆိုလို​နေခြင်းဖြစ်သည်။ ခရစ်ယာန်အသက်တာပိုင်းအား ဆိုလိုခြင်း မဟုတ်ပါ။


မိမိ၏လုပ်​​ဆောင်ချက်တချို့​ပါလျှင်​တော့ ထိုသူ​တွေသည် ငကြွား​များသာ ဖြစ်ချေရော့မည်။ ပုံပမာအားဖြင့် "ငါက ဘာလုပ်တာ၊ ငါကဘယ်လို၊ ငါက​တော့ ဥပုဒ် ၂ရက်​၊ ငါက ၅ရက် စသဖြင့် ငကြွားကြီးများ ​ကောင်းကင်တက်ခြင်း"ဟုဆိုထားသော ရုပ်ရှင်တကားမျှ ရိုက်နိုင်မည်မဟုတ်ပါလော။ 


အမှန်တကယ် ကယ်တင်ခြင်းစစ်စစ် ဧဝံ​ဂေလိတရားစစ်စစ် ဆိုသည်မှာ ​ယေရှုခရစ်​တော်ပြုခဲ့​ပေး​သော ​ကျေးဇူး​​တော်ကိုသာ ယုံကြည်လက်ခံခြင်းဖြစ်ပါသည်ဟု အနည်းငယ် ​ဝေမျှ​ပေးလိုက်ပါတယ်။


ဘုရားရှက်ဆက်လက်စကား​ပြောပါ​စေ။


Titus Kyaw Nyi


(ဆောင်းပါးရှင် Titus Kyaw Nyiသည် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသူ ဖြစ်သည့်အပြင် COVID-19ကပ်ဘေးအတွင်း "ဘုရားသခင် သုတ်ပေးသောမျက်ရည်" စာအုပ်တအုပ် ရေးသားထုတ်ဝေထားသည့် လူငယ် စာရေးဆရာတဦးလည်း ဖြစ်သည်)