ဝိညာဥ်​ရေးရာ​ခေါင်း​ဆောင် ​မွေးထုတ်ခြင်း


ဣသရေလလူမျိုး​တွေကို အဲဂုတ္တုပြည်မှ ကယ်ထုတ်ဖို့၊ ခါနန်ပြည်ကိုသွားဖို့၊ စေခိုင်းခြင်းခံရတာဟာ ​မော​ရှေဖြစ်တယ်။ ​တောလမ်း ခရီးတလျှောက်လုံး အပင်ပန်းခံ ပြုစုလာခဲ့ရတယ်။ ညည်းတွားခြင်း​တွေကို သည်းခံကာ ဦး​ဆောင်ခဲ့ရတယ်။ ဂျစ်ကန်ကန်စရိုက်​တွေကို ထိန်း​​ကျောင်းလာခဲ့တာ ​မော​ရှေဖြစ်ပါတယ်။ ဒီရူပါရုံသည် ​မော​ရှေက​နေ အစပြုခဲ့ခြင်းဖြစ်ပါတယ်။


ဒါပေမဲ့ သူဟာ အဲဒီပြည်ကို မဝင်စားခဲ့ရ​ချေ။ ​မော​​ရှေဟာ သူလုပ်​ဆောင်ရမဲ့ အရာမှန်သမျှကို ​သေ​​သေချာချာလုပ်​ဆောင်ခဲ့တယ်။ သစ္စာရှိစွာ ဆပ်ကပ်ခဲ့တယ်။ စနစ်တကျ ဦး​ဆောင်ခြင်းကိုပြုကာ စီမံခန့်ခွဲခဲ့တာကို မြင်​တွေ့ခဲ့ရမှာဖြစ်ပါတယ်။ သူဦး​ဆောင်ပြီး ​ခေါ်လာခဲ့​တဲ့ ရူပါရုံကို​တော့ သူမ​ရောက်ရှိခဲ့။ သူမြင်​တော့ မြင်ခဲ့ရတယ်။


တရားဟောရာကျမ်း ၃၄:၄

ထာဝရဘုရားကလည်း၊ ငါသည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားကျိန်ဆို၍ သင်၏အမျိုးအနွယ်အား ငါပေးမည်ဟု ကတိထားသောပြည်ကို ကြည့်လော့။ သင်သည် ကိုယ်မျက်စိနှင့်မြင်ရသောအခွင့်ကို ငါပေး၏။ သို့ရာတွင် ကူး၍မသွားရဟု မိန့်တော်မူ၏။


ဒီလိုအဖြစ်မျိုး ကျွန်​တော်တို့​တွေလည်း ဖြစ်တတ်ကြတယ်။ ဥပမာဆိုရရင် အသင်း​တော်ရဲ့ရူပါရုံတခု၊ မိသားစုရဲ့ရူပါရုံ၊ အသင်း​တော်ရဲ့ သာသနာတခုရဲ့ရူပါရုံ၊ စသဖြင့်​တွေမှာ ကြုံ​တွေ့ရတတ်ပါတယ်။ ဆိုကြပါစို့ ... အသင်း​တော် ရူပါရုံတခုကို လုပ်​နေရင်းနဲ့ ​ခေါ်​တော်မူခြင်းခံရမယ်ဆိုရင် ဒီရူပါရုံကို ဆက်လက်လုပ်​ဆောင်သွားဖို့ လူလိုမယ် မဟုတ်​ပေဘူးလား။ ဒါ့​ကြောင့် ဒီလိုအချိန်မှာ ရူပါရုံကို ဆက်လက် သယ်​ဆောင်သွားဖို့ ဆက်လက်ပြုစုဖို့ ဆက်လက်ဦး​ဆောင်သွားဖို့ ​ဝိညာဥ်​ရေးရာခေါင်း​ဆောင်​ကောင်း တ​ယောက်လိုပါတယ်။ သို့မှသာ အဲဒီရူပါရုံကို ပြည့်စုံ​စေနိုင်မှာဖြစ်ပါတယ်။ ဝိညာဥ်​ရေးရာ ​ခေါင်း​ဆောင်ဟုဆိုခြင်းက အမှန်တကယ်ကို အ​ရေးကြီး​တာကြောင့်ပင်ဖြစ်တယ်။ အဲဒီနေရာကို ​တွေ့ကရာလူ​တွေ၊ ကြုံရာလူ​တွေက ​နေရာယူပြီး လုပ်​ဆောင်နိုင်စွမ်းမရှိ​သော​ကြောင့်ပင်။


ယောရှုမှတ်စာ ၁:၁-၂

ထာဝရဘုရား၏ကျွန် မောရှေသည် အနိစ္စရောက်သောနောက်၊ မောရှေလက်ထောက်၊ နုန်၏သားယောရှုအား ထာဝရဘုရားက၊ ငါ၏ကျွန်မောရှေသည် အနိစ္စရောက်လေပြီ။ သို့ဖြစ်၍၊ သင်နှင့် သင်၌ပါသော ဤလူအပေါင်းတို့သည် ယခုထ၍ ယော်ဒန်မြစ်တစ်ဖက်သို့ ကူးကြလော့။ ဣသရေလအမျိုးသားတို့အား ငါပေးသောပြည်ကို ဝင်စားကြလော့။


အကယ်၍သာ ဦး​ဆောင်​ပေးမယ့်သူမရှိရင် အဲဒီရူပါရုံဆီကို မ​ရောက်နိုင်ခြင်းလည်း ဖြစ်နိုင်သလို၊ ​နှောင့်​နှေးလွန်းတာလည်း ဖြစ်နိုင်မယ်။ လုံးဝပျက်စီးသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့​ကြောင့် ကျွန်​တော်တို့​တွေဟာ ​ယောရှုကဲ့သို့​သော ​ခေါင်း​ဆောင် လိုအပ်ပါတယ်။ ​မော​ရှေရဲ့ရူပါရုံကို ဆက်လက်သယ်​ဆောင်သွားသူ၊ ဆက်လက်ဦး​ဆောင်သူ ​ယောရှုဟာ ​ခေါင်း​ဆောင်​ကောင်းတဦးဖြစ်​ပါပေတယ်။


ကျွန်​တော်တို့ အသင်း​တော်​တွေကလည်း ​ဝိညာဥ်​ရေးရာ ခေါင်း​ဆောင်​တွေကို ​မွေးထုတ်ဖို့ရန် လိုအပ်တယ်ဆိုတာကို အပေါ်ကအချက်တွေကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ မိမိတို့​တွေရဲ့ရူပါရုံ​တွေကို လက်ဆင့်ကမ်းဖို့ တကယ်ပဲ ဘုရားကိုချစ်ပြီး အမှု​တော်မြတ်မှာ ပါဝင်တတ်​တဲ့ ​ခေါင်းဆောင်​ကောင်း​တွေကို ​သမ္မာတရားနဲ့အညီ မွေးထုတ်ဖို့ရန် အင်မတန် လိုအပ်လှပါတယ်။ ကျွန်​တော်တို့ရဲ့ အသင်း​တော်ရူပါရုံ​တွေ၊ သာသနာရူပါရုံ​တွေ၊ အစရှိသဖြင့်ကို ဆက်လက် သယ်​ဆောင်သွားပြီး ရူပါရုံကိုပြည့်စုံ​စေကာ ​နောက်ထပ် အသစ်​အသစ်သော ရူပါရုံ​တွေကိုလည်း ဆက်လက်လုပ်​ဆောင်ကာ တဆင့်ပြီးတဆင့် လက်ဆင့်ကမ်း​ပေးနိုင်​တဲ့ ​ဝိညာဥ်​ရေးရာခေါင်း​ဆောင်​ကောင်းတွေကို ​မွေးထုတ်နိုင်ဖို့ရာလည်း တာဝန်ရှိတယ်ဆိုတာကို အနည်းငယ်​ဝေမျှ တိုက်တွန်းခွန်အားချင်ပါတယ်။


ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။


Titus Kyaw Nyi


(ဆောင်းပါးရှင် Titus Kyaw Nyiသည် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသူ ဖြစ်သည့်အပြင် COVID-19ကပ်ဘေးအတွင်း "ဘုရားသခင် သုတ်ပေးသောမျက်ရည်" စာအုပ်တအုပ် ရေးသားထုတ်ဝေထားသည့် လူငယ် စာရေးဆရာတဦးလည်း ဖြစ်သည်)