တခါကပေါ့ကွယ် တောကြီးတခုမှာ သစ်ပင်ပန်းမန်လေးတွေနဲ့ အင်မတန်လှပတယ်တဲ့။ တနေ့တော့ သစ်ပင်လေး သုံးပင်က စကားဆိုကြတယ်တဲ့။
ပထမသစ်ပင်လေးက ပြောတယ်။ သူကြီးလာတဲ့အခါကျရင် သူ့ သစ်သားတွေနဲ့ ဘုန်းကြီးတဲ့ ဘုရင်မင်းမြတ်ရဲ့ နန်းဖြစ်စေမယ်တဲ့။
ဒုတိယသစ်ပင်လေးက ပြောတယ်။ သူကြီးလာရင် ရွှေစင်တွေ ရတနာတွေ တင်တဲ့ သင်္ဘောကြီး ဖြစ်စေမယ်တဲ့။
တတိယသစ်ပင်လေးကတော့ သူလည်းကြီးလာရင် ဘုန်းကြီးတဲ့ ဘုရင်ရဲ့ပုလ္လင်ဖြစ်စေရမယ်လို့ပြောတယ်။
သစ်ပင်လေးတွေအတွက် မျှော်လင့်ချက်မဲ့တဲ့တနေ့တော့ တောကြီးဟာ မီးလောင်သွားတယ်။ ပထမသစ်ပင်လေးကိုတော့ လက်သမားက ယူပြီး နွားစားခွက်လေးလုပ်တယ်။ ဒုတိယသစ်ပင်လေးကိုတော့ ငါးဖမ်းလှေ လုပ်လိုက်တယ်တဲ့။ တတိယသစ်ပင်လေးကတော့ ဒီအတိုင်းပဲ ရှိနေတယ်။
တနေ့တော့ … ယေရှုလေးကို မွေးဖွားလာတဲ့အခါမှာ နွားစာခွက်လေးထဲမှာ သိပ်ထားခဲ့တယ်။ ပထမသစ်ပင်လေးက အရမ်းပျော်သွားတယ်။ သူဟာ ရိုးရိုး ဘုရင်တောင် မဟုတ်ဘဲ လောကကြီးရဲ့ ကယ်တင်ရှင်ဘုရင်ကို လက်ခံခဲ့ရတာကိုး။ ဒီလိုနဲ့ နှစ်ပေါင်း သုံးဆယ်ကျော်လောက်ကြာသွားတော့ သခင်ယေရှုက တရားဟောရင်း မြစ်ကမ်းနံဘေးရောက်တော့ တံငါသည်ရဲ့ လှေငှားပြီး တရားဟောခဲ့တယ်။ ဒုတိယသစ်ပင်လေးက ပျော်တာပေါ့။ ဒီလိုနဲ့ တတိယသစ်ပင်လေးကိုတော့ ဒီအတိုင်းထားရာကနေ သခင်ယေရှု လူသားတွေအတွက် အသေခံတော့ လက်ဝါးကားတိုင်အဖြစ် သုံးခဲ့တယ်။ စိတ်ပျက်နေတဲ့ သစ်ပင်လေး အရမ်းဝမ်းသာတာပေါ့။ လူသားရဲ့ ကယ်တင်ရှင်ကို သူ့အပေါ်မှာ ရှိတာရယ် သူက ဘုရားနဲ့ လူရဲ့ ဆက်သွယ်တဲ့ ပေါင်းကူးတံခါးအဖြစ် ရှိနေတာကြောင့်တဲ့။
ကလေးတို့လည်း တနေ့မှာ ခရစ်တော်အတွက် အသင်းတော်အတွက် သစ်ပင်လေး သုံးပင်လို ဖြစ်အောင် ကြိုးစားပါ။
မာန်လေးနွယ်
(စာရေးသူ မာန်လေးနွယ်သည် ကလေးပုံပြင်မြောက်များစွာ ရေးသားနေသူဖြစ်သည့်အပြင် ရသမြောက်သော ၀တ္ထုများ ရေးသားနေသည့် လူငယ်စာရေးဆရာ တဦးလည်းဖြစ်သည်။