ဒီနှစ်တော့ ဝက်သားမစားရတော့ဘူး

ဖေဖေရေ

ဒီနှစ်တော့ ဝက်သားမစားရတော့ဘူး

ဖခင်ကြီးတွေ စုစုံ

လှည်းတတန် ကားတတန်

တောင်ကျုံး မြောက်ကျုံး

အသားသယ်ဖို့ မလိုတော့ဘူး

အစောကြီး စျေးမသွားရတော့ဘူး

အလှူရှင်မှတ်တမ်း မလိုတော့ဘူး

ဟင်းချက်စားဖို့

ဝမ်းတွင်းသားတော့ ဆုံးပေရော့မယ်


မေမေရေ

ဒီနှစ်တော့ ဝက်သားမစားရတော့ဘူး

သားပေါက်အားကောင်းတဲ့

ဝက်မေမေလည်း

မျက်ရည်လည်ရွှဲနဲ့ ပျော်တော့မှာပေါ့

အသက်တနှစ် ပိုရှည်ဖို့

ဘုရားသခင် ပေးသနားတော်မူတယ်

သူပျော်မှာပေါ့


ကိုကိုရေ

ဒီနှစ်တော့ ဝက်သားမစားရတော့ဘူး

ကောင်မလေးပိုးဖို့ ဒေါ်လာ၅၀၀ စုမိဆောင်းမိမှာပေါ့


မမရေ

ဒီနှစ်တော့ ဝက်သားမစားရတာ့ဘူး

မေမေ ဆန်ပြုတ်အချက်ကျွမ်းတယ်

ကြက်ရိုးနွှင် ကြက်မွှေးနှုတ်

အားကြီးကျွမ်းတယ်

သား ငယ်ငယ်က မြင်ဖူးတယ်

ကြက်မကြီးကို လည်လိမ်တာ

ဖေဖေတောင် မျက်စိစုံမှိတ်​


နှမရေ

ဒီနှစ်တော့ ဝက်သားမစားရတော့ဘူး

ဇီဇာကြောင်ကြား ကြက်ဥနဲ့ညားပေရော့ ။


စဲလာအို