သက်​ရောက်မှု (Impact)

 


ငြိမ်သက်​နေတဲ့ ကန်​ရေပြင်ထဲကို ခဲတလုံးကို ပစ်ချလိုက်တဲ့အခါမှာ ကျတဲ့​နေရာတင်မကပဲ ​ဘေးဘက်ကန်​ရေပြင် အတိုင်းအတာတခုအထိ ဂယက်ရိုက်သွားနိုင်သလို၊ ကျတဲ့​နေရာသာ​ဖြစ်တာပါလို့ ဆိုလို့မရဘူးလို့ နားလည်ရတယ်။ မယုံရင် စမ်းပစ်ကြည့်ကြပါလို့ ​ပြောချင်ပါတယ်။ ဘေးပတ်ပတ်လည်မှ ​ရေပြင်လည်း သက်​ရောက်မှုရှိတယ်၊ လှုပ်ခပ်သွားတယ်၊ ထိတဲ့​နေရာတင်မဟုတ်ဘူး၊ သက်​ရောက်မှုတခုဆိုတာရှိတယ်ဆိုတာကို မြင်​တွေ့ရလိမ့်မယ်။ သက်​ရောက်မှုတခု (Impact)သည် မည်သို့ပင် ​ဝေး​နေပါ​စေ အနည်းနှင့်အများရှိ​နေသည်။


ဒီလိုပါပဲ နိုင်ငံ​ရေးဆိုင်ရာကြည့်ရရင် အရင်​ခေတ် အဆက်ဆက်​တွေက ဘယ်လိုသက်​ရောက်မှုဖြစ်​စေခဲ့ကာမူ လူတိုင်းကို သက်​ရောက်​စေတယ်။ ဆိုကြပါစို့ အဘိုးအဘွား ကြုံခဲ့ရမယ်၊ သင်ကိုယ်တိုင် မကြုံရရင်​​တောင် သူတို့ရဲ့ ခံစားခဲ့ရတဲ့ သက်​ရောက်မှု တခု​တော့ရှိတယ်၊ တီဗွီမှာလာတဲ့ ကိုရီးယားရုပ်ရှင်တခုကို ဥပမာကြည့်ရရင် နိုင်ငံ​ရေးလုပ်တဲ့ သူ​တွေရဲ့ ​ဆွေစဥ်မျိုးဆက် ဒုက္ခ​ရောက်​အောင် လုပ်ပြစ်တာမျိုး၊ က​လေး​တွေ မလုပ်ဘူးဆို​ပေမယ့် သူတို့​တွေမကြုံရ​ပေမယ့် ​နောက်ဆက်တွဲ သက်​ရောက်မှုတခုလို့ ဆိုကြပါစို့။ ဒီလိုပါပဲ နိုင်ငံတိုင်းမှာဖြစ်တတ်တယ်၊ နာဇီ​တွေဆိုရင်လည်း အင်မတန်ဆိုးခဲ့တယ်၊ နပိုလီယံစသဖြင့် ဥပမာ​တွေရှိခဲ့တယ်။ လက်လွတ်စလွယ် သင်မခံစားရဘူးဆိုတာမျိုး မ​တွေးဘဲနဲ့ ပြန်လည် ချိတ်ဆက်ကြည့်ရရင် ​​ရှေ့က ဘယ်လို သက်​ရောက်မှုမဆို ​နောက်မျိုးဆက်ကို သက်​ရောက်​စေတယ်။ ဒီသက်​ရောက်မှု(Impact)ဟာ အ​ခြေအ​နေမည်သို့ဖြစ်​နေပါ​စေ၊ ကာလ​တွေမည်မျှကြာခဲ့ပါ​စေ၊ ​​ဆွေမျိုးသားချင်း အသိမိတ်​ဆွေ မည်သို့ပင်ဝေး​နေပါ​စေ၊ ​ဖျက်ဆီးလို့မရ​အောင် သက်​ရောက်မှုရှိခဲ့တယ်ဆိုတာက​တော့ ​ဖျောက်ဖျက်လို့မရတဲ့ သမိုင်းတခုပင်။ ဘာဖြစ်လို့လဲဆိုရင် နိုင်ငံသားတိုင်းနဲ့ နိုင်ငံ​ရေးဟာ သက်ဆိုင်​နေသောကြောင့်သာ။ ဒါက​တော့ ​လောက​ရေးရာ အ​ခြေခံနိုင်ငံ​ရေး သ​ဘောတခုပင်။


ရောမဩဝါဒစာ ၅:၁၅

သို့သော်လည်း၊ ပြစ်မှားခြင်းသဘောနှင့် ကျေးဇူးတော်သဘောမတူ၊ အကြောင်းမူကား၊ လူတယောက်သည် ပြစ်မှားသောအားဖြင့်၊ လူများတို့သည် သေခြင်းသို့ ရောက်ကြ၏။ တယောက်သောသူတည်းဟူသော ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကျေးဇူးတော်၏ အကျိုးသည်လူများတို့၌သာ၍ ကြွယ်ဝပြည့်စုံ၏။


တစ်​ယောက်​သောသူ၏ ပြစ်မှားခြင်း၊ မနာခံခြင်းမှသည် ​သေခြင်းတရားဝင်​ရောက်ခဲ့သလို၊ တစ်​ယောက်​သောသူ၏ နာခံခြင်းအားဖြင့် ထာဝရအသက်ကို ရရှိတယ်။ ဒါဟာလည်း တယောက်​သောသူရဲ့ သက်​ရောက်​စေ​တဲ့ အရာတခုပင်ဖြစ်​နေ​ပေတယ်။ နိုင်ငံ​ရေးအလားမြင်ရမယ်ဆိုရရင် တိုင်းပြည်တစ်ခုမှာ ​ခေါင်း​ဆောင်တစ်​ယောက်၊ အဖွဲ့အစည်းတခုရဲ့ မှားယွင်းမှုနဲ့ ကောင်းမွန်ခြင်းတခုစီတိုင်းရဲ့ သက်​ရောက်မှုတခုစီတိုင်းက လူတိုင်းအ​ပေါ်သက်​ရောက်သလို ​ယေရှုခရစ်​တော်ရဲ့ ကယ်တင်ခြင်းဟာ လူတိုင်းအ​ပေါ် သက်​ရောက်​စေတယ်လို့ နားလည်​စေတယ်။ 


နိုင်ငံ​ရေးဟာ နိုင်ငံသားတိုင်းနဲ့သက်ဆိုင်သလို၊ ယုံကြည်သူတိုင်းနဲ့ ​ဘုရားသခင်ရဲ့နိုင်ငံ​တော်အ​ရေးကလည်း သက်ဆိုင်နေတယ်။ ယုံကြည်သူတိုင်းဟာ နိုင်ငံ​တော်အတွက် တစ်​ထောင့်တ​နေရာက ပါဝင်လုပ်​ဆောင်ရမယ်၊ ဧဝံ​ဂေလိသတင်းစကား ​​ဝေငှခြင်းအားဖြင့်​သော်၎င်း၊ အမျိုးမျိုး​သော အဖိုးအခများအားဖြင့်လည်း ပါဝင်သင့်​တာကို နားလည်ရပါမယ်။ 


အချုပ်အားဖြင့်ဆိုရရင် တစ်ဦး​တယောက်၊ ပါတီ၊ အဖွဲ့အစည်း၊ အစိုးရ၊ ဘုရင် စသူ​တွေရဲ့ ဆိုးခြင်း​၊ ကောင်းခြင်း တစ်ခုစီတိုင်းဟာ လူတိုင်းအ​ပေါ်ကို သက်​ရောက် တယ် (ထိုသူ ငယ်သည်ဖြစ်​စေ၊ မ​မွေး​သေးသည်ဖြစ်​စေ)၊ သမိုင်းကို​ဖျောက်လို့မရသလို၊ ဒီလိမျိုးပဲ ​ယေရှုခရစ်​တော်ရဲ့ ကယ်တင်ခြင်း​ကျေးဇူး​တော်ဟာ ကမ္ဘာ​လောကသား တစ်ဦးတ​ယောက်စီတိုင်းအ​ပေါ်ကို သက်​ရောက်​စေတယ်၊ တကယ်ကို ဟုတ်သလားဆိုတဲ့ အ​ထောက်အထားသမိုင်းများစွာဟာ ​တည်ရှိ​နေရုံမက​သေးပဲ၊ လက်ရှိကျွန်ုပ်တို့ အသုံးပြု​နေတဲ့ ခုနစ်(AD)ကို ကြည့်ခြင်းအားဖြင့် ထိုသမိုင်း​ကြောင်းကို ပြန်လည်မြင်​ယောင်​နေမိပါတယ်လို့မေတ္တာဖြင့်​ဖော်ပြလိုက်ပါတယ်။

AD (Anno Domini) လို့​ခေါ်​သော (In The Year Of The LORD) သခင်ဘုရား၏နှစ်များဟု အနီးစပ်ဆုံး ပြန်ဆိုရ​ပါမယ်။ ဒီနှစ်ထဲမှာ လူတိုင်းအပေါ်ကို ဘယ်အရပ်ကဖြစ်နေပါစေ သက်​ရောက်​နေပါတယ်၊ သက်ဆိုင်​နေပါတယ်။ ဒါ့​ကြောင့် လူသားတိုင်းသည် သခင်​ယေရှုခရစ်​​​တော်၏ ​ကယ်တင်ခြင်းကျေးဇူး​တော် ပြု​ပေးခဲ့ခြင်းသည် ​လောကီသားများ အားလုံး​အ​ပေါ်သို့ သက်​ရောက်​မှုရှိ​နေ​ပေ​​တာ​ကြောင့် (Impact) သက်​ရောက်မှုလို့ ရှု​ထောင့်တမျိုးနဲ့ အဓိပ္ပါယ်တခု ဖွင့်ဆိုလိုက်ရပါ​တယ်။


ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။


Titus Kyaw Nyi