နေရောင်ခြည်ဖြာနေချိန်မှာ ပွင့်လန်းပြီး လှပနေတဲ့ နေကြာပန်းလေးရဲ့အလှဟာဆိုရင်ဖြင့် ညအချိန်ရောက်လာတော့ အလှအစစ်ကိုမတွေ့ရတော့ဘူးလေ။
နေကြာပန်းအတွက် နေအလင်းက မရှိမဖြစ်လိုအပ်နေတယ်လေ။
ဘယ်လောက်ပဲ လှနေပါစေ... နေအလင်းမရှိတော့ရင် နေကြာရဲ့အလှကလည်း ညှိုးငယ်သွားတော့တယ်။
အော် ... လူဘ၀ဆိုတာ ဒီနေကြာပန်းလေးလိုပါပဲလား။
ဘယ်လောက်ပဲ လှနေပါစေ၊ ဥစ္စာဓနတွေပေါကြွယ်၀နေပါစေ၊ ဘယ်လောက်ပဲ ပညာတွေ တော်တတ်နေပါစေ၊ ဘယ်လောက်ပဲ ကျန်းမာနေပါစေ... တနေ့တော့ ညိုးနွမ်းပျက်စီးသွားရမှာပါပဲ။
နေကြာပန်းပွင့်ဖို့ နေရောင်ခြည်စွမ်းအင်လိုအပ်သလိုပဲ။
ကျွန်ုပ်တို့ဘ၀တွေလှပဖို့ ကယ်တင်ရှင် လိုအပ်နေတယ်လေ။
၀ိညာဥ်မရှိတဲ့ နေကြာပန်းလေးတွေက ကြွေလွင့်သွားရင်တောင် ရင်မနာရပါဘူးလေ။
ဒါပေမဲ့ အသက်ရော ၀ိညာဥ်ရောရှိတဲ့ လူသားကတော့ တမလွန်အတွက်ရော စဥ်းစားရဦးမယ်လေ။
ငါသေပြီးရင် တနေ့ ဘယ်သွားရမလဲပေါ့။
ကောင်းကင်လမ်းနဲ့ ငရဲလမ်းဆိုပြီး ရွေးချယ်စရာ ( ၂) ခုပဲ ရှိသတဲ့။
တခုမဟုတ် တခုတော့ ဒီခန္ဓာမကြွေလွင့်ခင်မှာ ဆုံးဖြတ်ရပါမယ်။
လမ်းကြုံတုန်း ...သတင်းကောင်းလေးတစ်ခုပြောပြပါဦးမယ်။
သခင်ယေရှုဘုရားကတော့ အပြစ်သားတွေအတွက် အသေခံ၊ အသွေးသွန်းပြီး သေခြင်းကို အောင်မြင်ခဲ့တယ်လေ။
ဒါကြောင့်မို့ ငရဲလွတ်ရာလမ်းကို သူကိုယ်တိုင်လက်ဆောင်ပေးခဲ့တယ်လေ။
ဒီလက်ဆောင်ကို လက်ခံရရှိတဲ့သူကတော့ အပယ်ငရဲကလွတ်ပြီး ထာ၀ရအသက်လည်း ပိုင်ဆိုင်ရရှိမှာဖြစ်တယ်။ ကိုယ်ရဲ့ ၀ိညာဥ် ဘယ်သွားမလဲဆိုတာ ယခုပဲဆုံးဖြတ်လိုက်ပါ... ချစ်မိတ်ဆွေ ❤️
ချစ်ခြင်းမေတ္တာဖြင့် ...
ကျဲရ်