မှတ်စု


သာယာသော နံနက်ခင်းလေးမှာ နိုးထခဲ့ပြီ

သို့မဟုတ်

နံနက်ခင်း နေရောင်လေး ဘယ်သူပေး

ဓမ္မသီချင်းနဲ့အတူ ရောင်နီလည်း လင်း

ကျုပ်လည်း လုပ်ရမဲ့အလုပ်တာဝန်တွေစ

တိမောသေ သြဝါဒစာ ပဌမစောင် အခန်းကြီး ၁ အခန်းငယ် ၁မှ ၆

ကျေးငှက်တွေ တွန်ကျူး

ကျုပ်လည်း လူးလာခေါက်တုန့်ခေါက်ပြန်နဲ့ 

လေအဝှေ့မှာ လွင့်ကျူး

အမယ်အို ရေတိုက်တဲ့ သစ်ရိပ်

ကျေးဇူးတော်ချီးမွမ်းရင်း

ရှေ့အရပ်က ရန်ကင်းတောင်

နောက်အရပ်က မင်းဝံတောင်

တောင်အရပ်က မြလိပ်တောင်

မြောက်အရပ်က မန္တလေးတောင်

အစုစုအသွယ်သွယ်

ရောင်ဝါကျစ်စပြုလေလာပြီသမို့

သြဝါဒစာ ၂စောင် ပြီး ။


စဲလာအို