လူတယောက်ကို လေးစားတယ်၊ အထင်ကြီးတယ်၊ အားကိုးတယ်ဆိုတာကို သေသေချာချာခွဲခြမ်းကြည့်မယ်ဆိုရင် ထိုသူရဲ့ အစွမ်းအစကိုကြည့်ခြင်းဖြစ်တယ်ဆိုတာကို နားလည်ရတယ်။ ဆိုကြပါစို့ မိမိရဲ့ အိမ်ကပစ္စည်း တခုခုကို သူခိုး,ခိုးသွားတယ်ဆိုရင် အဲဒီသူခိုးကို ဖမ်းဆီးနိုင်မဲ့သူဖြစ်တဲ့ ရဲစခန်းကို အကြောင်းကြားတတ်ကြတယ်။တရားဥပဒေစိုးမိုးရင် ဝန်ကြီးချုပ်ဖြစ်စေ၊ သမ္မတဖြစ်စေ၊ ဘာအစိုးရဖြစ်နေပါစေ တရားဥပဒေအရ အရေးယူနိုင်တယ်။ ဒါ့ကြောင့် ဘယ်သူဖြစ်နေပါစေ မိမိအပေါ် မတရားခြင်းကိုဖြစ်စေရင် တရားဥပဒေကို အားကိုးပြီး တိုင်တောကြတယ်ဆိုတာကို တရားဥပဒေက အစွမ်းအစရှိပြီး အားကိုးလို့ရတဲ့ နိုင်ငံတိုင်းမှာ တွေ့ရတယ်။
ဒီလိုပဲ ရပ်ကွက်ထဲမှာဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ မီးအကြီးအကျယ်လောင်နေရင် ဘယ်သူမှ ဆရာဝန်ကိုမခေါ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူမတတ်စွမ်းဘူးဖြစ်တယ်။ မီးသတ်ဌာနကိုသာ အကြောင်းကြားပြီး မီးသတ်သမားတွေကိုသာ အားကိုးတတ်ကြတယ်။ အဲ... ဒါပေမယ့် မကျန်းမာဘူးဆိုရင်တော့ ဆရာဝန်သာခေါ်တယ် ဆေးခန်းသာပြတယ်။ ဘယ်သူကမှ မီးသတ်ကိုမခေါ်ဘူး။ရဲစခန်းကိုမတိုင်ကြဘူးဘဲ။
လူတွေမှာ မိမိတို့အတွက် အားကိုးထိုက်ပါတယ်ဆိုတဲ့သူ မည်သည်ကို အားကိုးထိုက်သောသူဖြစ်ရမယ်လို့ ယေဘုယျအားဖြင့် သတ်မှတ်ကြသည်။ သူတို့ရဲ့ အားနည်းတဲ့အရာတခုခုကို အားဖြည့်ပေးနိုင်တဲ့သူ၊ တတ်စွမ်းတဲ့သူ၊ ဖြည့်စွမ်းပေးနိုင်တဲ့သူ စသဖြင့် အစွမ်းအစရှိတဲ့သူကိုသာ အားကိုးတယ်ဆိုတာကိုနားလည်ရပါတယ်။ ဆိုကြပါစို့ အောင်မြင်ချင်တဲ့သူက အောင်မြင်ပြီးသားသူရဲ့စကားကိုသာနှစ်သက်သလို ထိုသူရဲ့စကားကိုသာနားထောင်တတ်တယ်။
တနည်းဆိုသော် စီးပွားရေးအားနည်းနေသူဟာ ထိုအရာအတွက် နည်းလမ်းပေးနိုင်တဲ့သူ၊ အောင်မြင်စေရန် စွမ်းဆောင်ပေးနိုင်တဲ့ မစပေးနိုင်တဲ့သူ၊ ကျန်းမာရေးလိုရင် အဲဒီကျန်းမာရေးကို မစပေးနိုင်တယိ၊ အစရှိသဖြင့် ကိုယ်တတ်စွမ်းစေနိုင်ခြင်းမရှိရင် အားမကိုးတတ်ကြဘူးလို့ နားလည်ရပါတယ်။ ဒါ့ကြောင့်လည်း နတ်ကိုးကွယ်မှုတိုင်းမှာ အဲဒီနတ် တပါးပါးရဲ့ တတ်စွမ်းနိုင်ခြင်းတွေအပေါ် မူတည်ပြီး မိမိတို့ရဲ့ လိုအပ်ချက်အပေါ် လိုက်ပြီး ကိုးကွယ်တတ်ကြတာကို လေ့လာမိပါတယ်။
ရှေးယခင်ခေတ်မှယခုထိတိုင် နတ်ကိုးကွယ်မှုတွေရှိနေသေးတာကိုလည်း ထင်ထင်ရှားရှားမြင်တွေ့ရသလို၊ ဘာ့ကြောင့်လဲဆိုတဲ့ အဖြေမည်သည်မှာလည်း ထိုနည်းလည်းကောင်းပင် ဖြစ်နိုင်ပါလိမ့်မည်။ ဒါ့ကြောင့် အီဂျစ်ပြည်ရဲ့ နတ်ဘုရားများနဲ့ ခေတ်အဆက်ဆက်ကို ကြည့်တဲ့အခါမှာ ဒိုင်ယာနာနတ်ဘုရား(အာသေမိနတ်ဘုရားမ)နှင့် အပိုလိုနတ်ဘုရားတို့ဟာ ကျန်းမာခြင်းကို ပေးစွမ်းနိုင်တယ်။ ဒါ့ကြောင့် ကျန်းမာရေးလိုသူတွေ ကိုးကွယ်တတ်ကြတယ်။တနည်းအားဖြင့် အားကိုးကြတယ်ပေါ့။ စသဖြင့် ဥာဏ်ပညာလိုချင်သူက ဘယ်သူ့ကိုအားကိုးတယ်၊ စစ်တိုက်ခြင်းအတွက် ဘယ်သူ့ကိုအားကိုးတယ်၊ ရေလမ်းခရီးအတွက် ဘယ်နတ်ဘုရားကို အားကိုးတယ်၊ နေနတ်ဘုရား လနတ်ဘုရား စသဖြင့်တွေကို ကိုးကွယ်ကြတယ် အားကိုးကြတယ်လို့ နားလည်ရတယ်။
ရှင်ယောဟန်ခရစ်ဝင် ၁၁:၂၅
ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။
လူလူချင်းလည်း တတ်စွမ်းသူဖြစ်မှသာ အားကိုးနိုင်စရာအခြေအနေရှိမှသာ အားကိုးတတ်ကြသလို၊ ရှေးခေတ်အဆက်ဆက်မှ ယခုတိုင်အောင်လည်း ကိုးကွယ်မှုတွေဟာ တတ်စွမ်းနိုင်ခြင်းအပေါ် အခြေခံတယ်ဆိုတာကိုလည်း နားလည်ရပါတယ်။ ထူးခြားမှုတခုကတော့ ထိုထိုမည်သော နတ်ဘုရားတွေက တတ်စွမ်းခဲ့တယ်ဆိုရင်တောင် အမျိုးအမည်ပေါင်းများစွာ နတ်ဘုရားပေါင်းများစွာသာဖြစ်တယ်။ ယေရှုခရစ်တော်ကတော့ အရာအားလုံးကိုတတ်စွမ်းနိုင်ပါတယ်။ အားကိုးခြင်းမည်သည် တကယ်အစွမ်းအစရှိမှဖြစ်တယ်လို့ အခြေခံယူဆတယ်ဆိုရင် မိမိရဲ့တတ်စွမ်းခြင်း၊ မိမိအားကိုးရာတခုခုဟာ အရာရာကို အာမခံပါရဲ့လားလို့ ဆင်ခြင်ကြည့်ဖို့အရေးကြီးတယ်လို့ပြောချင်ပါတယ်။
ငါအားကိုးရာ ငါ့ရဲ့အစွမ်းအစ၊ ငါ့ရဲ့ကောင်းမှုကုသိုလ်၊ ငါ့ရဲ့အကျင့်သီလ၊ ငါ့ရဲ့ဘာသာတရား၊ ငါ့ရဲ့ အားကိုးရာတစ်ခုခု စသဖြင့် မိမိရဲ့ရင်ဘတ်ပေါ်ကို လက်တင်၍ သေသေခြာခြာမေးကြည့်ပါ ဆင်ခြင်ကြည့်ပါ။ မိတ်ဆွေအတွက် အဆင်ပြေတယ်ဆိုရင် ဆက်ဖတ်စရာမလိုတော့ပါဘူး။ ဒါပေမယ့် မိတ်ဆွေရဲ့စိတ်နှလုံးထဲမှာ မလုံခြုံဘူး၊ အားကိုးလို့မရဘူးဆိုတာသိသွားပြီဆိုရင်တော့ အားကိုးလို့ရသော ပုဂ္ဂိုလ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ထိုသူကတော့ ယေရှုခရစ်တော်ဘုရားပဲဖြစ်ပါတယ်။
ကျန်းမာခြင်းကိုပေးစွမ်းနိုင်သလို ယခုဘဝ နောင်ဘဝအတွက်လဲ အာမခံချက်ပေးတယ်၊ သေခြင်းကို အောင်သော တစ်ဆူတည်းသောဘုရားဖြစ်ပါတယ်။ ဆိုကြပါစို့ တမလွန်ကို မအောင်ဘဲ တမလွန်အကြောင်းကို မည်သူအာမခံနိုင်ပါမလဲ။ အမေရိကန်နိုင်ငံကိုမရောက်ဘူးဘဲ အဲဒီနေရာရဲ့အကြောင်းကိုပြောပြီး သင့်ကိုရောက်ရင် လိုက်ပြပေးမယ်ဆိုတာမျိုးကို သင်ဘယ်လိုအားကိုးရမည်နည်း။ ငွေချေးမယ်ဆိုရင်တောင် ဆင်းရဲသားဆီကချေးသလား တတ်နိုင်သောသူဆီက ချေးကြသလား။
ဒီလိုပါပဲ ငါသည်လောကကိုအောင်ပြီဟု ဆိုတဲ့အတိုင်း လောကကိုလည်း အောင်တာကြောင့် သင်နဲ့ကျွန်ုပ် ရဲရဲကြီး အားကိုးနိုင်တဲ့ တဆူတည်းသောဘုရားသခင်ဖြစ်ပါတယ်။ လူလူချင်းဆောင် အားကိုးတတ်ကြသေးသလို၊ နတ်ပိစိကွေးလေးတွေကိုတောင် အားကိုးတတ်ကြသေးတာဘဲ။ ဘာဖြစ်လို့များ ထိုဘုရားကို အားမကိုးနိုင်စရာရှိမလဲလို့ ဘာဖြစ်လို့များ ထိုသခင်ကို လက်ခံနိုင်ဖို့ရာ တွန့်ဆုတ်နေကြမှာလဲလို့ ဆင်ခြင်ကြည့်စေချင်ပါတယ်။
ကယ်တင်ရာနေ့ရက်သည် ယနေ့ပင်ဖြစ်သောကြောင့် မိတ်ဆွေက သခင်ယေရှုခရစ်တော်ကို မြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ ...
"ယေရှုခရစ်တော်သည် ကျွန်တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်ပေါ်မှာအသေခံအသွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံတော်မူပြီးတော့ ကျမ်းစာလာသည့်အတိုင်း၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တာကို ယုံကြည်လက်ခံပါတယ်"
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
Titus Kyaw Nyi