ကျွန်တော်တို့ အိမ်ရဲ့မနက်ခင်းမြင်ကွင်းလေးပေါ့။
အိမ်မှာ မနက်ခင်းတိုင်း အစောဆုံးနိုးတာက အသက်အကြီးဆုံးနဲ့ အသက်အငယ်ဆုံးတွေ ဖြစ်နေပါတယ်။ အသက်အကြီးဆုံးကတော့ အဖေနဲ့အမေ။ အငယ်ဆုံးကတော့ သားငယ်လေးပေါ့။ သူတို့က လုပ်စရာလဲ မရှိပါပဲ ဘာလို့အစောကြီး ထကြပါလိမ့်။
(မလိုအပ်ပါပဲ နိုးနေတတ်တာ)
ကျွန်တော်တို့ဇနီးမောင်နှံ နိုးလာတော့ အသက်အကြီးဆုံးနဲ့ အငယ်ဆုံးတို့အတွက် မနက်စာ ချက်ကျွေး ပြုစုကြရင်း၊ ကျွန်တော်တို့အရွယ်က ကြွေးဟောင်းဆပ်ရင်း၊ ကြွေးသစ်ပေးရတဲ့ ဘဝအပိုင်းအခြား ရောက်ပြီလို့ တွေးမိ လိုက်ပါတယ်။ အကြွေးဆိုလို့ မေတ္တာအကြွေးတွေပါပဲ။
"အချင်းချင်းချစ်ခြင်း မေတ္တာမှတပါး၊ အဘယ်ကြွေးမျှ မတင်စေနှင့်။ သူတပါးကို ချစ်သောသူသည် အကျင့်တရားနှင့် ပြည့်စုံပြီ။" ( ရောမ ၁၃း၈)။
နေ့စဉ်ဘဝမှာ ကိုယ့်အိမ်မိသားစုကစတင်ပြီး ကိုယ်နှင့်စပ်ဆိုင်သော သူအားလုံးသို့ ချစ်ခြင်းမေတ္တာ ထားနိုင်ကြပါစေ။
ကိုဂျေ