စကား(၃)မျိုး

 

အခုနောက်ပိုင်း ကိုယ့်ကိုယ် ဆင်ခြင်ဖြစ်တာက

စကားတခုပြောတော့မယ်ဆိုရင်

ခန္ဓာ စိတ် ဝိညာဉ်ဘာအကျိုးမှ မပါတဲ့စကားဆို နှုတ်ဆိတ်နေလိုက်တယ်


(1)ခန္ဓာအတွက် အကျိုးရှိတဲ့စကား

        ကိုယ်ပြောမဲ့စကားက ခန္ဓာအတွက် အကျိုးရှိတဲ့စကားဟုတ်လားဆိုတာ မပြောခင်စစ်ဆေးရပါမယ်

 ဉပမာ

         ငါပြောမဲ့စကားက ကျန်းမာရေးနဲ့ ပတ်သက်လား 

ငါပြောမဲ့စကားက အိပ်ချိန်နဲ့ပတ်သက်တဲ့စကားလား 

ငါပြောမဲ့စကားက အစားအသောက်နဲ့ပတ်သက်တဲ့စကားလား 

ကိုယ်ပြောလိုက်တဲ့စကားကတစ်ဖက်သားရဲ့ ခန္ဓာပိုင်းဆိုင်ရာ အကျိုး ဗဟုသုတရစေမဲ့စကားလား မဟုတ်ရင် မပြောနဲ့

        

(2)စိတ် အတွက် အကျိုးရှိတဲ့စကား

            စိတ်လို့ပြောတဲ့အခါ သုတ နဲ့ ရသဆိုပြီး ၂အုပ်စု ထပ်ကွဲသေးတယ် 

ကိုယ်ပြောမဲ့စကားထဲမှာ သုတဆိုတဲ့ လူတယောက်မှာ ရှိသင့်ရှိထိုက်တဲ့ စိတ်နေစိတ်ထား အတွေးအခေါ်အမြော်အမြင် ပညာပါတဲ့ စကားပါရဲ့လား 

ကိုယ်ပြောမဲ့စကားထဲမှာ ရသဆိုတဲ့ ပျော်ရွှင်စရာ ကြည်နူးစရာ စိတ်အားတက်စရာ ရီမောစရာ ပါလားဆိုတာ ပြန်သုံးသပ် 

မပါရင် မပြောနဲ့

 

(3)ဝိညာဉ်အတွက် အကျိုးရှိတဲ့စကား

           ကိုယ်ပြောမဲ့စကားက ဝိညာဉ်ရေးရာအတွက် အကျိုးရှိတဲ့စကားလားဆိုတာ ဆန်းစစ်ရပါမယ် 

ဥပမာ 

ဆုတောင်းခြင်းနဲ့ပတ်သက်ပြီးဘယ်လိုမြင်လာလဲ ကျမ်းစာဖတ်ခြင်းအားဖြင့် ဘုရားဘာတွေ ဖွင့်ပြလာလဲ 

ဒီလတ်တလော ဘုရားက ကိုယ့်ကို ဘာမြင်စေလဲ 

ဘာကိုနားလည်စေလဲဆိုတာ အချင်းချင်း ဝေမျှ Sharingလုပ်ခြင်း ဖြစ်နေလားဆိုတာ ဆန်းစစ်ရပါမယ် 

နှုတ်ကပါတ်တော်အပြင်ကစကားတွေ မဟုတ်ရင် မပြောနဲ့


ခန္ဓာ စိတ် ဝိညာဉ် ၃ ခုစလုံးအတွက် ဘာအကျိုးမှ မရှိတဲ့စကားက အရည်မရအဖတ်မရစကား ဖြစ်သွားပြီ


" မဿဲ  ၁၂:၃၆

  ငါဆိုသည်ကား၊ လူတို့သည် အကျိုးမဲ့သောစကားကို ပြောသမျှအတွက်၊ တရားဆုံးဖြတ်သောနေ့၌ စစ်ကြောခြင်းကို ခံရကြလတ္တံ့။ သင့်စကားများအားဖြင့် သင်သည် အပြစ်လွတ်လိမ့်မည်။ 

  

ဆိုတဲ့သခင်ယေရှုပြောခဲ့တဲ့စကားနဲ့ ကိုယ့်ကိုကိုယ် ထိုးနှက်ခဲ့ခြင်းသာ.....။



Saw Winner