အပိုင်း (၅)
ပြီးခဲ့သည့်အပတ်၌ ဓမ္မဟောင်းကာလရှိ အပြစ်အမျိုးအမည်များစွာကို ၀တ်ပြုရာကျမ်းတခန်းလုံး၌ ဖော်ပြလေ့လာခဲ့ကြပြီး၎င်းအပြစ်များစွာက ခေတ်အဆက်ဆက် အသေးစိတ် ဆုံးမသွန်သင်နေဆဲဖြစ်သည်။ ဣသရေလလူမျိုးများနှင့်တကွ ယနေ့ခေတ်ယုံကြည်သူများကိုပါမကျန် နှုတ်ကပတ်တော်ဖြင့်မှတ်တမ်းတင်ကာ ဆုံးမ သွန်သင်နေဆဲဖြစ်သည်။
ဤအပြစ်များသည် ဓမ္မဟောင်းကျမ်းထဲ၌ သမိုင်း၌သာကျန်ခဲ့ပြီး ဣသရေလလူမျိုးများ၏ သမိုင်းဟုသာဟူ၍ မဆိုနိုင်ပါ။ ယနေ့ခေတ်ယုံကြည်သူများနှင့် အလွန့်အလွန်သက်ဆိုင်ပေသည်။ ထိုအပြစ်များသာမက ခရစ်ယာန်တို့၌ တွင်တွင်ကျယ်ကျယ်သိကြသော ပညတ်တော် (၁၀)ပါးကို လျစ်လျူရှု၍မရပေ။
ဤလောကကြီး၌ လူလူချင်းပြစ်မှားမိသော အပြစ်ကို အချင်းချင်း၀န်ချတောင်းပန်ရသည်မှာ အရေးကြီးသည်ဖြစ်သလို အမြင့်ဆုံးသော ထာ၀ရဘုရားကို ပြစ်မှားခြင်းသည်လည်း အလွန်ပင်မိုက်မဲ၍ သေပြစ်သင့်သောအပြစ်များလဲရှိပေသည်။ ထာ၀ရဘုရားကိုမေ့လျော့သောအပြစ်သည်လည်း အထူးဆင်ခြင်ရမည်ဖြစ်သောအပြစ်လည်းဖြစ်ပေသည်။
ထို့ကြောင့် ဆာလံဆရာ ကိုယ်တိုင်ပင် ဆာလံ ၁၁၉း၁၁ ၌ ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည် အကြောင်း၊ ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ။ ဟု တစ်ထစ်ချ စိတ်ဆန္ဒပြင်းပြ ဆာလောင်သူတစ်ဦးလည်းဖြစ်ခဲ့သည်။
(ထွက်မြောက်ရာကျမ်း ၂၀း ၁-၁၇ ) -ထိုအခါ ဘုရားသခင် မိန့်တော် မူသော စကားများဟူမူကား၊ ငါသည် သင့်ကို ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူ ခဲ့ပြီးသော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ ငါမှတပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။ အထက်မိုဃ်းကောင်းကင်၌၄င်း၊ အောက်အရပ် မြေကြီးပေါ်၌၄င်း၊ မြေကြီးအောက်ရေထဲ၌၄င်း ရှိသောအရာနှင့် ပုံသဏ္ဌာန်တူအောင်၊ ရုပ်တုဆင်းတုကို ကိုယ်အဘို့မလုပ်နှင့်။ ဦးမချဝတ်မပြုနှင့်။ အကြောင်းမူကား၊ သင်၏ဘုရားသခင် ငါထာဝရဘုရားသည်၊ သင်၌အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ကိုမုန်းသောသူတို့၏ အမျိုးအစဉ် အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက် တိုင်အောင်၊ အဘတို့၏ အပြစ်ကို သားတို့၌အဆပ်ပေးစီရင်သောဘုရား၊ ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကို ကျင့်သောသူတို့၏ အထောင်အသောင်းတိုင်အောင်၊ ကရုဏာကို ပြသော ဘုရားဖြစ်၏။ အမျိုးအစဉ်အဆက်သင်၏ဘုရားသခင်ထာဝရဘုရား၏ နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကိုထိုနေ့ရက်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရား မှတ်တော်မမူ။ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ အောက်မေ့လော့။ ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍ လုပ်ဆောင်လော့။ သတ္တမနေ့ရက်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ ကျွန်ယောကျာ်း၊ မိန်းမ၊ တိရစ္ဆာန် သင်၏ တံခါးအတွင်း၌နေသော ဧည့်သည် အာဂန္တုသည် အလုပ်မလုပ်ရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ရှိသမျှတို့ကို ခြောက်ရက်တွင် ဖန်ဆင်း၍ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထိုကြောင့် ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။ သင်၏ဘုရားသခင် ထာဝရဘုရား ပေးသနားတော်မူသောပြည်၌ သင်၏ အသက်တာ ကိုယ်နှင့်စပ်ဆိုင်သောသူတဘက်၌ ရိုသေစွာပြုလော့။ လူအသက်ကို မသတ်နှင့်။ သူ့မယားကို မပြစ်မှားနှင့်။ သူ့ဥစ္စာကို မခိုးနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူတဘက်၌ မမှန်သောသက်သေကို မခံနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ အိမ်ကို တပ်မက်လိုချင်သောစိတ်မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ မယား၊ သူ၏ကျွန် ယောကျာ်း မိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ ဥစ္စာ တစုံတခုကိုမျှ တပ်မက်လိုချင်သောစိတ် မရှိစေနှင့်ဟု မိန့်တော်မူ၏။
မိမိဘုရားသခင်ထာ၀ရဘုရားသည် လူသားတို့၏ စိတ်နှလုံးကို စေ့စေ့စစ်ကြောသိမြင်သော ဘုရားဖြစ်သောကြောင့် လူသားသည်စိတ်နှင့်ပြစ်မှားသည်ဖြစ်စေ၊ နှုတ်ဖြင့်ပြစ်မှားသည်ဖြစ်စေ ကြီးစွာသော အပြစ်ရောက်ပေသည်။ သေပြစ်ထိုက်သင့်သည်အထိ သာဓကများစွာရှိသည်။ ထို့ကြောင့် ဟေဗြဲသြ၀ါဒစာ ၆း၇-၈၌ အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည်မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်။ မိမိဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကိုဝိညာဉ်ပကတိ၌ ရိတ်ရလိမ့်မည်။ မျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်း အသီး အနှံကို ရိတ်ရလိမ့်မည်။ ထာ၀ရဘုရားသည် တရားသောဘုရား မိမိအပြစ်နှင့်အလျောက် အပြစ်၏အခကို စီရင်ပေးဆပ်ခိုင်းသော တရားစီရင်သောဘုရားဖြစ်သည်။ အဘတို့သည် အပြစ်ကို ၀န်ချမတောင်းပန်ဘဲဝှက်ထားလျှင် ထိုအပြစ်များစွာကို သားစဉ်မြေးဆက်တိုင်အောင် အဆက်ဆက် ဆပ်ပေးခိုင်းသောဘုရားဖြစ်သည်။
ဆက်ရန်
အစ်စတဲလ်