အ​ရောင်ကျွတ်စပြုလာတဲ့ အုတ်ဂူဖြူ

 

ကုသလို့မရ​သေးတဲ့ ​​အဲဒီရောဂါ 

ဗိုင်းရပ်စ်​ကြောင့်မဟုတ်ဘူး 

ဗက်တီးရီးယား​ကြောင့် မဟုတ်ဘူး 

လူ​ကြောင့်ဖြစ်ပြီး   ကမ္ဘာက ခံစားတဲ့​​ရောဂါ  


ငါတို့တစ်​ယောက်ဆီက ​ရောဂါတစ်မျိုးဆီပါပဲ

ကိုယ့်အတိုင်းအတာနဲ့ကိုယ် အဆိပ်​တွေ​ထုတ်လွှင့်​နေကြ


မိုးရာသီ​ရောက်တိုင်းစိုက်တဲ့ မရှင်တဲ့သစ်ပင်

​နောက်နှစ်လည်း မရှင်မယ့်အပင်​တွေ စိုက်ရဦးမယ် 


​နှလုံးသားအတု​တွေအ​ကြောင်း 

ပန်းပင်​လေး​တွေက  သိတယ် 

ငှက်က​လေး​တွေက  သိတယ် 

ကိုယ်ကိုတိုင်ပဲ သိတယ် 


လူမှု​ရေး ပြသနာ​လေး​တွေ

စီးပွား​ရေး ပြသနာ​လေး​တွေ 

ည​နေ ​နေဝင်ချိန်​တွေ 

တစ်​ယောက်တည်း​စားတဲ့ ဟင်းပါပဲ 

 


ဆလိုင်းနံရံ