ကမ္ဘာဦးအစတုန်းက လူနဲ့ဘုရားမိဿဟာရ ရှိခဲ့တယ်။ အပြစ်တရားဆိုတာ မရှိလာခင်မှာ လူဟာ ဘုရားနဲ့ မိဿဟာရဖွဲ့ ခွင့်ရတယ်ဆိုတာကို မြင်တွေ့ရတယ်။ ဒါဆိုရင် အပြစ်တရားက ဘယ်ကနေရောက်လာတာတုန်းလို့ ဆိုစရာရှိလာတယ်။ အပြင်ကရောက်လာတာမဟုတ်ပါဘူး။ ထပ်ပြောပါမယ်။ အပြစ်တရားဟာ အပြင်က မလာပါ။ အပြစ်ရဲ့အခကား သေခြင်းပါ။ ထိုအချိန်တွင် သေခြင်းတရားမရှိသေးပါ။ အပြင်မှာသာ အပြစ်တရားရှိနေလျှင် သေခြင်းက ရှိနေနှင့်မှာဖြစ်တယ်ဆိုတာကို နားလည်ရတယ်။ ဒါ့ကြောင့် အပြစ်တရားဟာ အပြင်ကနေရောက်လာပြီး အာဒံနဲ့ဧဝ လက်ချင်းချိတ်ပြီး လမ်းလျှောက်သွားစဥ် ထိုအပြင်ကလာတယ်ဆိုတဲ့ အပြစ်တရားကို ခလုပ်တိုက်မိ၍ လဲကျခြင်းမဟုတ်ပါ။
မြွေဟာအပြင်ကလာလို့ အပြစ်ကအပြင်က လာတယ်လို့ ဆို၍မရပေ။ အပြစ်ကြောင့်တော့ မိဿဟာရပျက်ခဲ့သည် တနည်းဆိုသော် ဘုရားစကားကို နားမထောင်ခြင်းအပြစ်ဟုဆိုရပေမယ်။ အတိုချုပ်ပြောရမယ်ဆိုရင် ဒီလိုနဲ့ လူနဲ့ဘုရား မိဿဟာရပျက်သွားတယ်။ ဘုရားသခင်က အပြစ်ကိုလက်မခံနိုင်ဘူး ရွံမုန်းသော်လည်း၊ အပြစ်သားကိုတော့ချစ်တယ်။ ဒါ့ကြောင့် လူနဲ့ဘုရား ပြန်လည် မိဿဟာရဖွဲ့နိုင်ရန် သင့်မြတ်စေဖို့ရာကို ယေရှုခရစ်တော်အားဖြင့် အခွင့်ရခဲ့ခြင်းဖြစ်ပါတယ်။
ရောမဩဝါဒစာ ၆:၂၃
အပြစ်တရား၏ အခကားသေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရ အသက်ပေတည်း။
ပြန်လည်ရင်ကြားစေ့ရေး (Reconciliation) ကို သခင်ယေရှုခရစ်တော်၏ အသေခံအသွေးသွန်းခြင်း အားဖြင့်သာ ကျွန်တော်တို့ အယောက်စီတိုင်းသည် ဘုရားသခင်နှင့် မိဿဟာရဖွဲ့ ခွင့်ကို ပြန်လည်ရရှိခဲ့သည်။ လူရဲ့ ကြိုးစားခြင်းဖြင့်မရနိုင်၊ အလှူဒါန၊ အကျင့်သီလ စသဖြင့် လူအားဖြင့် မလုပ်နိုင် မရနိုင်သော တမလွန်ရေးရာအတွက် အာမခံချက်ဖြစ်သော ထာဝရအသက်ကိုပါ ကျေးဇူးတော်အားဖြင့်သာ ရပါသည်။
မိတ်ဆွေက ယေရှုခရစ်တော်ကို ယုံကြည်လက်ခံလိုက်တဲ့ နေ့မှစပြီး ဘုရားသခင်နဲ့ပြန်လည် မိဿဟာရဖြစ်သွားပါတယ်၊ အဲဒီနောက် တပြိုင်နက်တည်းမှာပဲ ထာဝရအသက်အတွက် ကယ်တင်ခြင်းကျေးဇူးတော်ဟာ မိတ်ဆွေအတွက် အာမခံချက်ဖြစ်သွားပါတယ်။ ထိုသခင်ကို ခေါ်ဖိတ်လက်ခံချင်တယ်ဆိုရင်တော့ ...
"ယေရှုခရစ်တော်သည် ကျွန်တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်ပေါ်မှာအသေခံအသွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံတော်မူပြီးတော့ ကျမ်းစာလာသည့်အတိုင်း၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တာကို ယုံကြည်လက်ခံပါတယ်"
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
Titus Kyaw Nyi