လုပ်ကြည့်စမ်းပါ


လိုက်လျှောက်စမ်း ...
သခင်ကိုယ်တိုင် လျှောက်ခဲ့တဲ့လမ်း
ကိုယ့်လက်ဝါးကပ်တိုင် ထမ်းရလိမ့်မယ် ။

ပေးဆပ်စမ်း ...
သခင်ရဲ့ စွန့်လွှတ်အနစ်နာခံခဲ့တဲ့လမ်း
နှိမ့်ချခြင်းတို့ ရှိရလိမ့်မယ် ။

ယုံကြည်စမ်း ...
သခင်ပေးခဲ့တဲ့ အသက်လမ်း
ထာဝရအသက် ရရှိလိမ့်မယ် ။

နင်းချေစမ်း ...
သခင်အလိုမရှိတဲ့ အသက်တာလမ်း
ဆုံးရှုံးခြင်းမှ အောင်မြင်လိမ့်မယ် ။

ဟောပြောစမ်း ...
သခင်ရဲ့ ရင်ကိုခုန်စေတဲ့လမ်း
သတင်းကောင်းတော့ ဟောရလိမ့်မယ် ။

ကျဲရ်