တစ်ခါတရံ ဘ၀ဆိုတာမျိုးက အလှည့်အစား အင်မတန်များသကိုး။ ဘာတွေကို လေ့လာနေတယ်။ ဘယ်လိုအရာမျိုးတွေမှာ စိတ်နှစ်ထားတယ်။ ဘယ်လိုကိစ္စမျိုးမှာ ရင်းနှီးမြှုပ်နှံထားလဲ။ ဘယ်လိုကိစ္စမျိုးဆိုရင် အထိအခိုက်မခံတတ်လဲ… စသဖြင့်ပေါ့။
သမ္မာကျမ်းစာမှာတော့
ပါးတဖက်အရိုက်ခံရရင် ကျန်ရှိတဲ့ပါးတဖက်ကိုပါ လှည့်ပေးဖို့ပြောထားပါတယ်။ ခွင့်လွှတ်ခြင်းနှင့်ထပ်တူ
မေတ္တာပြခြင်း၊ သည်းခံခြင်းပါရမီကိုပါ တပါတည်း လေ့ကျက်ခြင်းလည်း မည်ပါတယ်။
အနီးဆုံးလူရဲ့ သစ္စာဖောက်ခြင်းနဲ့
အေ၀းဆုံးလူ မသက်ဆိုင်သူရဲ့ ကယ်တင်ခြင်းမျိုးဆိုတာလည်း လောကဓံမှာ ကြုံဆုံရတတ်တယ်မလား။
ကံကြမ္မာခေါ် ဘုရားအလိုတော်က ဘယ်လိုမျိုးလဲ။
ဆိုတော့ကာ ဇာတ်ကားကောင်းတကားနဲ့
မိတ်ဆက်ပေးချင်ပါတယ်။
Healing
River
ဘာတွေကို လေ့လာတွေ့ရှိရမလဲ။
အလှည့်အပြောင်းက ဘာတွေဖြစ်လိမ့်မလဲ။ ရန်သူမထားတတ်တဲ့သူတောင် ဘယ်ကမှန်းမသိတဲ့ ရန်သူတယောက်ကို
မုန်းတီးတတ်ခြင်းအရသာကို ခံတွင်း တွေ့နေခြင်းမျိုး။ အလှည့်အပြောင်းဆိုတာ ဒါမျိုးပေါ့။
ချစ်ခြင်းမေတ္တာအသီးသီးနေတဲ့
နှလုံးသားကနေ မုန်းတီးရန်လိုခြင်း ပုပ်အပ်ခြင်းအသီးကို သီးပြန်တယ်။ လူ့လောကဆိုတာ ဒီလိုမျိုးပါပဲလေလို့
ပြောဆိုရမှာပဲ။ (ဒါမျိုးကိစ္စတွေရှိနေလို့လည်း
လူ့ကမ္ဘာလောကကြီးက ပျော်စရာအတိဖြစ်နေရတာပဲလေ)
သားဖြစ်သူကို ကားတိုက်ပြီး
ကောင်းရာဘုံဘ၀မှာစံပယ်ဖို့ စောစီးစွာပို့လိုက်မိလို့ ဒုက္ခအတိနဲ့ စိတ်ဒဏ်ရာပိ လူသားဖြစ်သူကို
ခရစ်တော်ရဲ့ခွင့်လွှတ်ခြင်းနဲ့ မေတ္တာပြရင်း ဘုရားသခင်တည်ရှိကြောင်းကို သက်သေပြလိုက်တဲ့
ဇာတ်ကားအဆုံးသတ်ကတော့ ခရစ်ယာန်တယောက်ရဲ့အလှကျက်သရေ (Grace)ကို မြင်တွေ့လိုက်ရတာပါပဲ။
မိတ်ဆွေရဲ့ ကျက်သရေကရော ဘာဖြစ်လိမ့်မတုန်း။
Kristo