Greyhound

ဇာတ်လမ်းအကျဉ်း 

နာဇီဂျာမနီကို မဟာမိတ်တပ်တွေ ပေါင်းစုပြီးတိုက်ထုတ်ကြတဲ့အချိန်မှာ နာဇီက ရေငုတ်သင်္ဘောသုံးတယ်။ မဟာမိတ်တပ်ပေါင်းစုက စစ်သင်္ဘောနဲ့ တိုက်ကြတယ်။ ရေပေါ်ရေအောက် တိုက်ပွဲတွင်းကြမ်းရှည်ခရီးကို ရက်ပေါင်းကြာရှည်စွာနဲ့ အသက်ကို ဆန့်ထုတ်ရတဲ့ လျင်သူဦးစတမ်း စစ်နဲ့အချစ်ရဲ့ အားပြိုင်မှုရဲ့ အဆုံးသတ်ဟာ ဘယ်တုန်းကမှ ကောင်းလှတယ်ဆိုတာ မရှိပါဘူး။ သမိုင်းဆိုတာ နိုင်သူရေးစတမ်းမျိုးပဲလေ။ 

ကမ္ဘာစစ်ကာလတုန်းက သင်္ဘောတစင်းရဲ့ အမည်နာမတခုကတော့ Greyhoundဖြစ်တယ်။ ဦးဦးဖျားဖျား ကပ္ပတိန်ကလည်း လတ်လတ်ဆက်ဆက်ဖြစ်နေပါသေးတယ်။ ဆုတောင်းခြင်းနဲ့အစပြုတယ်။ ခရစ္စမတ်တေးသီချင်းနဲ့ အစပြုတယ်။ စစ်သံစစ်ရိပ်နဲ့ အစပြုတယ်။ ဘာနဲ့ အဆုံးသတ်လေမလဲ။ သေချာတယ် စစ်နဲ့ပဲ အဆုံးသတ်မှာပေါ့။    

 

သမ္မာကျမ်းစာ 

မနေ့၊ ယနေ့၊ နောင်ကာလ    

 

အားအကောင်းဆုံး ပြောကြားချက် (Quote) 

မြွေကဲ့သို့လိမ္မာ၍ ချိုးကဲ့သို့အဆိပ်ကင်း    

 

သမ္မာကျမ်းစာနဲ့ ချိန်ထိုးမိခြင်း 

Greyhoundရဲ့ ကပ္ပတိန်လုပ်လေ့လုပ်ထရှိတဲ့ ထူးခြားချက်လေးတခုကတော့ ဆုတောင်းခြင်းပါပဲ။ ဆုတောင်းခြင်းကပဲ ပြဿနာကို ရင်ဆိုင်ကျော်လွှားဖို့ အားအင်တွေပေးခြင်းဖြစ်နေတာပါ။ အစာအစားမီ ဆုတောင်း၊ အိပ်ရာ၀င်ခါနီး ဆုတောင်း၊ စစ်တွင်းကာလမှာ သမ္မာကျမ်းစာပါ အချက်အလက်တွေကို ဆင်ခြင်နှလုံးသွင်း၊ စစ်နိုင်သွားတော့လည်း ဒူးထောက်ကာ ပြပ်၀ပ်ဆုတောင်းခြင်းတွေကတော့ ကပ္ပတိန်အတွက် ထာ၀ရဘုရားနဲ့အဆက်အသွယ်ပြုခြင်း၊ ထာ၀ရဘုရားကို ချီးမွမ်းထောမနာပြုခြင်းကြောင့် ဖြစ်တည်လာတဲ့ အောင်မြင်မှုလို့ပဲ သုံးသပ်ရုံမှတပါး…..။

    

Download Link https://channelmyanmar.org/greyhound2020/

 

Kristo