ဘ၀မှာ အချစ်မှားတတ်ကြတယ်
ဥပမာ - ကိုယ်မြတ်မြတ်နိုးနိုး ဖန်တီးထားတဲ့ ပန်းချီကားတစ်ချက်ကို တစ်စုံတစ်ယောက်က ဖျက်ဆီးပစ်လိုက်တယ်၊ နင်းချေပစ်လ်ိုက်တယ်၊ တံတွေးနဲ့ထွေးမိတယ် ဆိုပါတော့... သင် ဘယ်လိုခံစားရမလဲ?
သေချာပါတယ် သင်အရမ်း၀မ်းနည်းကြေကွဲနေမယ်ဆိုတာ အမှန်ပါပဲ။
ထို့အတူပါပဲ ...
ကျွန်ုပ်တို့ကို ဖန်ဆင်းခဲ့တဲ့ ဘုရားသခင်က သူဖန်ဆင်းထားတဲ့ လူသားတွေကို အရမ်းတန်ဖိုးထားပြီးချစ်တယ်
ချစ်လွန်းလို့တောင်မှ သခင်ယေရှုဆိုတဲ့ သူ့သားတော်ကိုပေးပြီး လောကလူသားတွေ အပြစ်ကြောင့် ငရဲမရောက်အောင် အသွေးနဲ့ အသက်ပေးပြီး ကယ်တင်ပေးခဲ့တယ်။
(ရောမဩဝါဒစာ ၅:၈)
ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။
ဒါပေမဲ့ ... လူတိုင်းက သခင်ယေရှုကိုမချစ်ကြပါဘူး။
ထိုအရာက ဘုရားသခင်ရဲ့ နှလုံးသားကို နာကျင်စေတယ်လေ...
ခု စာဖတ်နေတဲ့ မိတ်ဆွေ ...
ကိုယ့်ကို အရမ်းချစ်တဲ့ ဘုရားသခင်ကို ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါတောင် ငြင်းပယ်နေတာလဲ ?
မြန်မြန်နောင်တရပါတော့နော် ...
သခင့် အချစ်တွေဆီ မြန်မြန် ပြေးလာခဲ့တော့
သူ့အချစ်တွေက စောင့်လို့ကြိုနေဆဲ ...။
ကျဲရ်