နောင်တနှင့်ဝန်ချတတ်​သော ခေါင်း​ဆောင်


​ခေါင်း​ဆောင်​ကောင်းတစ်​ယောက်ဟာ မိမိရဲ့အမှားကို သုံးသပ်နိုင်ရမယ်။ နောက်တစ်ဖန်ထပ်မမှားဖို့ ပြုပြင်တတ်ရမယ်။ မိမိရဲ့အမှားကိုမသိရင်​တောင် သူတပါးရဲ့ ​ထောက်ပြ​ဖော်ပြခြင်းကို လက်ခံ​သောသူဖြစ်ရမယ်။ မိမိရဲ့အပြစ်ကို စစ်မှန်​သော​နောင်တရပြီး ဝန်ခံတတ်​သောသူဖြစ်ရမယ်ဆိုတာကို ဒါဝိဒ်မင်းကြီးရဲ့အသက်တာကိုကြည့်ရင်း အတုယူနိုင်ပါတယ်။

ဒါဝိဒ်မင်းကြီးဟာ ဗာသ​ရှေဘနဲ့မှားယွင်းခြင်းအမှုကို ပြုမိတဲ့အ​ပေါ်မှာ ပ​ရောဖက်နာသန်၏ အပြစ်​ဖော်ပြခြင်းကိုခံရပါတယ်။ ဒါကို သူဟာနားလည်တယ် လက်ခံတယ််။ မိမိရဲ့အမှားကို ​စစ်မှန်​သော​နောင်တရတယ်ဆိုတာကို နားလည်ရပါတယ်။ ငါဟာဘုရင်ဖြစ်တယ်။ ဒါ​ကြောင့်လာမ​ပြောနဲ့ ငါလုပ်တာအမှန်လို့မဆို​ပေ။ အခြား​သောဘုရင်​တွေလို မိမိရဲ့အမှား​ကိုဖော်ပြ​သော ပ​ရောဖက်​တွေကို ဖမ်းချုပ်​ထောင်ချ အပြစ်​ပေးတာ​တွေမလုပ်တာကို ​တွေ့ရတယ်။ ကျွန်​တော်တို့ကလည်း ငါက​ခေါင်း​ဆောင်ပဲ၊ မန်​နေဂျာပဲ၊ သူ​ဌေးပဲ၊ လုပ်ငန်းမှာရှယ်ရာအများဆုံးသူပဲ၊ အသင်း​တော်မှာဘာရာထူး၊ မိသားစုထဲမှာပင်ဖြစ်​စေ စသဖြင့် မာန​တွေဖယ်ရှားကာ အပြစ်​ဖော်ပြခြင်းခံရရင် နှိမ့်ချ​သောစိတ်နဲ့ ဒါဝိဒ်မင်းကြီးကဲ့သို့ ဆင်ခြင်တတ်​သောသူဖြစ်​စေဖို့အ​ရေးကြီးပါတယ်။

ဓမ္မရာဇဝင် ဒုတိယစောင် ၁၂:၁၃
ဒါဝိဒ်ကလည်း၊ ငါသည် ထာဝရဘုရားကို ပြစ်မှားပါပြီဟု နာသန်အားဝန်ချ၍ နာသန်က၊ အသက်တော်ကို ချမ်းသာစေခြင်းငှာ၊ တာဝရဘုရားသည် ကိုယ်တော်အပြစ်ကို ပယ်တော်မူပြီ။

ဒါဝိဒ်မင်းကြီးသည် သူမှားယွင်းခြင်းကို ဝန်ချတယ်ဆိုတာကို​တွေ့ရသလို ​နောက်တဖန်ထပ်တူညီ​သော အမှားမျိုးမ​တွေ့ရ။ ထို့​ကြောင့် သူသည် စစ်မှန်​သော​​နောင်တရကာ အသက်တာကို ပြင်ဆင်သည်ကို​တွေ့ရတယ်။ ကျွန်​တော်တို့က​တော့ ​နောင်တလို့သာ​ပြောကာ ခန​နေပြန်မှားလိုက် ဘုရားသခင်က ခွင့်လွှတ်ပြီးသား​ပြောလိုက်၊ ​မေတ္တာရှင်​ပြောလိုက်၊ တခါခွင့်လွှတ်တာ အားလုံးပါသွားပြီ အခုအပြစ်​​ရော ​နောက်လုပ်မယ့်အပြစ်​ရောမရှိ​တော့ဘူး ဒါ့​ကြောင့် လုပ်ချင်တာလုပ်တယ်ဆိုလို့ဆိုနှင့် ကယ်တင်ခြင်းနှင့်ခရစ်ယာန်အသက်တာကို နားမလည်​သောသူ​တွေဖြစ်​နေကြပြန်တယ်။ ဒီလိုပါပဲ တချို့ကလဲ ဒါဝိဒ်မင်းကြီးသည် ဗာသ​ရှေဘနဲ့​ဖောက်ပြန်မှားယွင်းပြီး​နောက်မှာဟုဆိုကာ (ဆာလံ ၃၂:၁)ကို လိုရာပြန်ဆွဲသုံးခြင်းကိုမြင်ရပြန်တယ်။ ​နောက်ပိုင်း အခန်းတစ်ခုလုံးကိုဆက်ကြည့်သင့်​ပေသည်။

ဆာလံကျမ်း ၃၂:၁
အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းသို့ ရောက်သောသူသည် မင်္ဂလာရှိ၏။

အခန်းငယ်(၃)မှာ​တော့ အပြစ်မ​ဖော်ပြဘဲ​နေတဲ့အခါမှာဆိုပြီး ဒီလိုဆက်​ဖော်ပြပါတယ်။ အပြစ်ဖုံးတယ်ဆိုတာနဲ့မပြီး​ပေ။ ချိတ်ဆက်ကြည့်မယ်ဆိုရင် ဒါဟာ အပြစ်ဝန်ချပြီးတဲ့​နောက် ဘုရားသခင်၏ ခွင့်လွှတ်ခြင်း၊ အပြစ်ကိုဖုံးအုပ်ခံရတာကို မင်္ဂလာဟုဆိုခြင်းဖြစ်သည်။ အပြစ်ဝန်မချဘဲ ဖုံးအုပ်တာကို မင်္ဂလာဟုမဆိုတာကိုနားလည်ရပါတယ်။

ဆာလံကျမ်း ၃၂:၃
ငါသည် အပြစ်ကိုမဖော်မပြဘဲ နေစဉ်အခါ၊ တစ်နေ့လုံး ညည်းတွားသောအားဖြင့်၊ ငါ့အရိုးတို့သည် ဆွေးမြေ့ခြင်းသို့ ရောက်ကြ၏။

တကယ်​တော့ ဒါဝိဒ်မင်းကြီး ခံစားရတာ​တွေမနည်းပါ။ သူစိုက်တဲ့အတိုင်း သူ၏အဖိုးအခ​တော့ရှိတယ်ဆိုတာကိုနားလည်ရပါတယ်။ သူ့ရဲ့သား​လေး​သေရတယ်။ သူနာကျဥ်ခံစားရတယ်။ သားလုပ်သူ၏သစ္စာ​ဖောက်ခြင်းပုန်ကန်ခြင်း စသဖြင့် များစွာရိတ်သိမ်းရ​သေး၏။

ဓမ္မရာဇဝင် ဒုတိယစောင် ၁၂:၁၀
ယခုမှာသင်သည် ငါ့ကိုမထီမဲ့မြင်ပြု၍ ဟိတ္တိလူ၊ ဥရိယ၏မယားကို သိမ်းသောကြောင့်၊ သင့်အဆွေအမျိုးတို့သည် ဓားဘေးနှင့်အစဉ် တွေ့ကြုံရကြလိမ့်မည်။

ဒါ့​ကြောင့် ​ခေါင်း​ဆောင်တ​ယောက်သည် မိမိ၏ အမှားကိုသုံးသပ်ရမည်။ ကိုယ်မှားတာကို ကိုယ်မသိ​တာ​တွေရှိတတ်​သော​ကြောင့်လည်း သူတပါး​ထောက်ပြခြင်းကို နား​ထောင်ရမည်။ ပြန်လည်ဆင်ခြင်ကာ ချက်ခြင်းစစ်မှန်​သော​နောင်တရကာ ဝန်ခံသင့်သည်။ ထပ်တူအမှားမျိုးကိုမဖြစ်​စေ​သော ​ခေါင်း​ဆောင်တစ်​ယောက်ဖြစ်သင့်​ပေသည်။ ဝိညာဥ်​ရေးရာ​ခေါင်း​ဆောင်ဆိုလျှင် သာ၍ သတိထားကာ ဆင်ခြင်ရမည်ဖြစ်ပြီး မိမိ၏အမှားအလိုက် စိုက်သည့်အတိုင်း​တော့ ရိတ်ရမည်ကိုသိရမည်။ အမှားကို မဝန်ခံချင်သော​ကြောင့် သမ္မာတရားကို မုသာနှင့်မသုံးသင့်​ပေ။ 

ဒီအပိုင်းတွင် ဒါဝိဒ်မင်းကြီး၏ အသက်တာမှ သူ၏ စစ်မှန်​သော​နောင်တရတတ်မှု၊
သူတပါးမှအပြစ်​ဖော်ပြခြင်းကိုနား​ထောင်ကာ ပြန်လည်ဆင်ခြင်မှု၊ 
ထပ်တူအမှားမျိုးမရှိမှု၊ 
ဘုရားသခင်ကို​ကြောက်ရွံ့မှု၊ 
ဘုရားသခင်အား မိမိ၏အမှားကိုဝန်ချ​သောအမှုစ​သော ​ခေါင်း​ဆောင်​ကောင်းတစ်​ယောက်၏ အတုယူစရာများကိုမြင်​တွေ့ရ​သလို ဘုရားသခင်သည် ခွင့်လွှတ်​သော်လည်း မိမိအမှားမှ မိမိစိုက်သည့်အတိုင်းပြန်လည်ရိတ်သိမ်းရခြင်းကိုလည်း မြင်​တွေ့ရ​သော​ကြောင့်အနည်းငယ်ပြန်လည်​ဝေမျှခွန်အား​ပေးလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

Titus Kyaw Nyi