အနှိုင်းမဲ့သောမေတ္တာရှင်



မေတ္တာဆိုတာ အေးမြမှုပေးဆပ်မှုတွေနဲ့ လွမ်းခြုံထားတဲ့ မမြင်ရပေမဲ့ တည်ရှိနေတဲ့အရာလေးတစ်ခုပါ
မေတ္တာနဲ့ပတ်သတ်ပြီး သမ္မာကျမ်းစာတွေထဲမှာ ဖော်ညွန်းချက်တွေ အများကြီးရှိပါတယ်
မေတ္တာသည် စိတ်ရှည်တတ်၏
ကျေးဇူးပြုတတ်၏
ဂုဏ်ပြိုင်ခြင်းမရှိဝါကြွားခြင်းမရှိ 
မာန်မာနမရှိ
အပြစ်ရှိသည်ဟု မထင်တတ်ပါဆိုပြီး ဂုဏ်သတ္တိတွေဖော်ပြထားတယ်
ဒါပေမဲ့ ယနေ့ခေတ်မှာ မေတ္တာတရားတွေ ပျောက်ရှနေပြီး အတ္တတွေ ဖုံးလွှမ်းနေကြတယ်
သင်ရော မေတ္တာမဲ့သူအထဲမှာပါနေပြီလား ပြန်စဉ်းစားကြည့်ပါ
ဘုရားသခင်က လူသားတွေကိုချစ်တယ် 
ချစ်လို့ လူ့ဇာတိခံပြီး ကယ်တင်ခြင်းအတွက်ကားတိုင်မှာ အသေခံတယ်
ဒီနေရာမှာ တချို့ကမေးလာကြတယ် 
ဘာကြောင့် ဒီအတိုင်းမကယ်ဘဲ အသေခံတာလဲ
ဟုတ်ကဲ့ အဖြေက ဘုရားသခင်ရဲ့ နှုတ်တော်ထွက်စကားတော်ကြောင့်ပါ
(အသွေးသွန်းခြင်းမရှိလျှင် အပြစ်လွှတ်ခြင်းမရှိ)
အသေခံခြင်းအသက်ကို အသက်အားဖြင့် ရွေးနှုတ်ခြင်းဖြစ်ပါတယ်
အပြစ်မဲ့သူတစ်ယောက်ရဲ့သွေးစက်က အပြစ်ကင်းစေတယ်
လူတွေအတွက် ဒီလမ်းကို ရွေးချယ်ရင် နာကျင်ခံစားရမယ်ဆိုတာသိလျှက်နဲ့ လျှောက်ခဲ့တယ်
ကဲ့ရဲ့ပြစ်တင်စကားအတွက် အပြုံးမပျက် ကိုယ်တော်လက်ခံခဲ့တယ်
လူနဲ့ဘုရားကြားက ကွဲပြားနေမှုကို ပေါင်းကူးတံတားခင်းပေးသူတစ်ယောက်ပါ
ဘာအတွက်လဲ
ဘာကြောင့်လဲ
ဘာဖြစ်လို့လဲဆိုတဲ့မေးခွန်းတွေရဲ့အဖြေကတော့ မင်းကိုချစ်လို့ဆိုတဲ့အဖြေဆို လုံလောက်ပြီထင်ပါတယ်
အဲဒီလောက်မေတ္တာထားတဲ့ဘုရားက ဘာကြောင့်လူတွေကို တပြေးညီ မဖန်ဆင်းထားလဲလို့ တစ်ခါတလေမေးလာကြတယ်
ဟုတ်ကဲ့ အဲဒီမေးခွန်းအတွက် အဖြေက လှပတဲ့မင်းနှလုံးသားကို ကိုယ်တော်က ယုံကြည်လို့ပါ
လူသားတွေနှလုံးသားမှာလည်း ချစ်ခြင်းမေတ္တာရှိနေတယ် ကိန်းအောင်နေတယ်လေ
လက်တောင် အတိုအရှည်မညီပါဘူး
အဲဒီလို အတိုအရှည်မညီတာတွေကပဲ လှပတဲ့အရာတွေကိုလုပ်ဆောင်နိုင်တာပါ
တညီတည်းဖြစ်နေတဲ့ လက်ချောင်းတွေနဲ့ တခုခုကိုကိုင်တွယ်ကြည့်ပါ 
အတွေးထဲမှာတောင်မဖြစ်နိုင်ပါဘူး
လူတွေလည်း အားလုံးသာတညီတည်း တတန်းတည်းကြည့်ပါ အဆင်မပြေပါဘူး
မတူညီမှုတွေကို ပေါင်းစည်းမှ လှပတာပါ
အရောင်တရောင်တည်းရှိတဲ့ ကောင်းကင်ပြာမှာ သက်တန့်ရောင်စုံလေးတွေ ထွက်လာတဲ့အခါ အရမ်းလှပနေတတ်တာ သင်သတိပြုမိမှာပါ
ဒီအတိုင်းပါဘဲ
မတူညီမှုတွေပေါင်းစည်းပြီး လှပမှု လူတန်းစားကွဲပြားမှုတွေကြားက မေတ္တာနဲ့ပေါင်းစည်းမှုတွေကိုကိုယ်တော်က ယုံကြည်ပေးခဲ့တာပါ
သူထားတဲ့ မေတ္တာမမှီရင်တောင် တို့လူသားတွေ တဦးနဲ့တဦးထားတဲ့ ချစ်ခြင်းမေတ္တာက ကိုယ်တော်ကိုပြုံးစေမှာပါ
ကိုယ်တော့်မေတ္တာ ကိုယ်တော့်အချစ်တွေက တို့တွေအတွက်အနှိုင်းမဲ့ပါ
လူသားကို ဘယ်လောက်ချစ်ခဲ့လဲဆိုတာ ပရောဖတ်ကြီး ယေရမိက ဒီလိုရေးသားခဲ့တယ်
ထာဝရမေတ္တာနှင့်သင့်ကို ငါချစ်၏
ထို့ကြောင့် ဂရုဏာကျေးဇူးကို သင်၌ ကြာမြင့်စွာပြမည်
ရှင်ယောဟန်ကတော့
ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မှု၏လို့ဖော်ပြထားသလို
သခင်ယေရှုခရစ်တော်ကတော့
ကိုယ့်အဆွေတို့အဖို့အလိုငှါ ကိုယ့်အသက်ကိုစွန့်ခြင်းမေတ္တာထက်သာ၍ မြတ်သောမေတ္တာသည်အဘယ်သူ၌မျှမရှိလို့ ဖော်ပြထားတယ်
ဒါဆို သခင်ရဲ့မေတ္တာအတိမ်အနက်ကို မင်းသိမယ်လို့မျှော်လင့်ပါတယ်
အပြစ်ပြုရာကိုကြံစည်တတ်တဲ့ဦးနှောက်အတွက်ဆူးရစ်သရဖူ အမြဲတမ်းထားနေတတ်တဲ့ အတ္တတွေမာန်မာနတွေအတွက် နှလုံးသားလှံချက်
အပြစ်ရှိရာကိုသွားတတ်တဲ့ ခြေထောက်လေးတွေအတွက်ခြေတော်သံမှိုစွဲ
သူ့အသက် သတ်တတ်တဲ့လက်လေးတွေအတွက်လက်တော်ကိုသံမှိုစွဲ
အပြစ်ဆိုတဲ့ငရဲကလွတ်ဖို့ သက်တော်စွန့်ပေးဆပ်ခဲ့ပြီးပြီ
ဒီလိုကြီးမားပြီး တန်ဖိုးအကြီးဆုံးလက်ဆောင်ကိုမှအခမဲ့ပေးခဲ့တာတောင် မကျေနပ်နိုင်တဲ့မင်းရဲ့အတ္တတရားတွေစွန့်ခွာပြီး သခင့်ရဲ့အနှိုင်းမဲ့မေတ္တာအရိပ်အောက်အမြန်ပြန်လာပါတော့  အိုသိုးငယ်လေးရယ်
ကျေးဇူးပါသခင်


မာန်လေးနွယ်