တခါတုန်းက တိုင်းပြည်တပြည်မှာ အင်မတန်နုံချာလှတဲ့ သူငယ်လေးတယောက်ရှိသတဲ့။ သူက ဆင်းရဲဆို အဝတ်အစားကလည်း တစုံဘဲရှိသတဲ့။ အဲဒီအဝတ်အစားကိုဘဲ တစ်နှစ်ပတ်လုံး ဝတ်ရသတဲ့။ ခုနေများ သားတို့ သမီးတို့ရဲ့ အဝတ်အစားနဲ့ နှိုင်းယှဉ်ရင် နံစော်နေတာနဲ့ သန့်ပြန့်မွှေးကြိုင်နေတာတော့ကွာမှာပေါ့နော်။ ဒါကြောင့် သားတို့ သမီးတို့ရဲ့ မွေးမိဘတွေကို ကျေးဇူးတင်ရမယ်။ အဲလိုဆိုပြီး သူဆင်းရဲသူငယ်လေးမှာ မိဘမရှိတာမဟုတ်ဘူး။ လူမှန်းသိတတ်တဲ့အရွယ် ခပ်ငယ်ငယ်မှာ သူငယ်ရဲ့မိဘနှစ်ပါးစလုံး ကပ်ရောဂါနဲ့ သေဆုံးသွားတော့ အထီးကျန်တကောင်ကြွက်ဖြစ်ရရှာတာပေါ့။ သူက လောကကြီးကို တယောက်တည်း ရင်ဆိုင်ရပေမယ့် ခပ်ပြုံးပြုံးလေးပါပဲ။ ဘာလို့လဲ သိလား။ သူ့ဖေဖေနဲ့ မေမေက ကောင်းကင်ဘုံကနေ ကြည့်ရှုစောင်မနေတာ သူသိနေတယ်လေ။
တိုးနစ်