ရိုးရှင်းတဲ့​နေ့များ

ပျော်ရွှင်ပါ​စေ ဆု​တောင်း​ပေးခဲ့တယ် 
တကယ်​ပျော်ရွှင်ခြင်းရခဲ့သလား 
စိတ်ပျက်တစ်လှည့် ​ပျော်တစ်လှည့် အရင်လိုပဲလား

​နေမ​ကောင်းတဲ့​ခွေးက​လေး​ဆေးထိုး​ပေးတာက 
​ကောင်းကင်နိုင်ငံ​ရောက်ချင်လို့လား ဆို​တော့ 
ငြင်းလိုက်ရတယ် 

နှလုံးသားကို နှလုံးသားအတိုင်း 
ဦး​နှောက်ကို ဦး​နှောက်အတိုင်း 
ဘယ်ပုဂ္ဂိုလ်ထူးရဲ့လမ်းစဥ် လိုက်နာမှလို့​တော့ မဟုတ်ဘူး 
ချစ်တတ်တာဟာ ချစ်ခိုင်းလို့မဟုတ်ဘူး 

ဘယ်သူလဲဆို​တော့ 
ခရစ်ယာန်လို့​ပြောရင်​ပြောမှာ​ပေါ့ 
ဒါ​ပေမယ့် ခရစ်ယာန်​မို့လို့မှ မဟုတ်ပါဘူး 
နှလုံးသားက နှလုံးသား 
ဦး​နှောက်က ဦး​နှောက် မို့လို့လည်း ဖြစ်နိုင်တာပဲ 

ဆလိုင်းနံရံ