ဘ၀မှာ ပြေးခဲ့ရတဲ့ အပြေးပွဲပြိုင်ပွဲတွေ အများကြီးရှိဖူးကြမှာပါ။ ခွေးပြေးဝက်ပြေး၊ သွေးရူး သွေးတန်းပြေး၊ ဆုတံဆိပ်အတွက်ပြေး စသည်ဖြင့် ပြေးပုံပြေးနည်းကို ပုံစံအမျိုးမျိုးနဲ့ အမည်နာမမျိုးစုံ ပေးကြလေ့ရှိပါတယ်။ အိုလံပစ်ပြိုင်ပွဲမှာတော့ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ မီတာ ၂၀၀ အပြေးပြိုင်ပွဲ ဆိုတာမျိုးကလည်း အင်မတန်မှနာမည်ကြီးပါတယ်။ ကျမ်းစာထဲက ယောနအပြေးကတော့ စံချိန်တင် လောက်ပါတယ်။ ဤသည်ကား စကားချီး။
အမေရိကန်သုံ့ပန်းနဲ့ဂျပန်အရာရှိတယောက်ရဲ့
အားပြိုင်မှု။ တကယ်တော့ ကိုယ်စားပြုမှုက အမေရိကန်နဲ့ဂျပန်။
အယူဝါဒပိုင်းဆိုင်ရာအားပြိုင်မှု။ ဘာသာရေးအားပြိုင်မှုဆိုလည်း မမှား။
အရိပ်မည်းကြီးရဲ့
ဆင်းရဲဒုက္ခကို အမျိုးမျိုးကြံ့ကြံ့ခံနိုင်ခဲ့ပေမဲ့ ရခဲ့ဖူးတဲ့နာကျင်မှုကို
ဖြေဖျောက်နိုင်ဖို့ အင်မတန်ခဲယဉ်းလှပါတယ်။ Traumaလို့ သုံးနှုန်းပါတယ်။ ဆင်းရဲမှုမှာ စိတ်ဆင်းရဲခြင်းတမျိုးဖြစ်တဲ့
စိတ်အနာဆင်းရဲခြင်းဆိုတာ ဖြစ်နိုင်ချေမရှိလှပါဘူး။
ခြေဖျက်နိုင်ဖို့ဖြစ်နိုင်ချေ(1%)။ ကွဲကြေသွားတဲ့ အိုးဒဏ်ရာကို ရွှံ့လူးလိုက်ပေမဲ့
ကွဲခဲ့ဖူးတဲ့အိုး၊ အိုးနာလို့ပြောကြပါသေးတယ်။
ကျမ်းစာထဲမှာ သင်တို့အချင်းချင်း
ချစ်ခြင်းမေတ္တာမှတပါး အခြားသောအကြွေး မတင်စေနှင့်လို့ သွန်သင်ထားပါတယ်။ သူတပါးသည်
ကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို ကျွန်ုပ်တို့သည် လွှတ်သကဲ့သို့
ကျွန်ုပ်တို့၏ အပြစ်များကိုလည်း လွှတ်တော်မူပါ။
ပဌနာတော်ရဲ့
ခက်ခဲလှတဲ့ အပိုင်းတခုမှာ ရန်သူကို ခွင့်လွှတ်ရမယ်တဲ့။
ပါးတွေလည်း
ဖူးယောင်ခဲ့ပြီးပြီ။
စစ်မှာ
ယဉ်ကျေးမှုတွေ ပြိုင်ဆိုင်လို့ ရနိုင်သေးလား။
တရားသောစစ်မှာ
အောင်ပန်းဝင်တာ တကယ်ကော ရှိလို့လား။
ဖိနိပ်ရေးကျွန်စနစ်ဆိုတာမျိုးက
ဘယ်လိုသန္ဓေကြောင့် ပေါ်လာတာပါလဲ။
မေးခွန်းတွေအတွက်
အဖြေမှန်ဆိုတာမျိုး ရှာတွေ့ပါဦးမလား။
ပါးတဖက်ရိုက်ရင်
နောက်ပါးတဖက်ပါ လှည့်ပေးရမယ်ဆိုတာမျိုးကို
သမ္မာကျမ်းစာထဲမှာတော့
ကောင်းကောင်းကြီး တွေ့ဖူးပါရဲ့။