အယ်ဒီတာ့ အာဘော်

ဒိုင်းကာကောင်းပိုင်ဆိုင်တဲ့ ခံစစ်မျဉ်းစစ်တပ်

အယူလွဲ

          အယူလွဲဟူသောစကားကို ရင်းနှီးသူများ ရှိကြသလို   အလှမ်းကွာဝေးလွန်းသူလည်း ရှိပါသည်။ အနှီ အယူလွဲအား   နားလည်အောင်  ရှင်းဆိုရရင်   သမ္မာကျမ်းစာအား ကျော်လွန်ခြင်းဟု  ပြန်ဆိုရပါမည်။

စိမ့်ဝင်လာ

          အယူလွဲ သြ၀ါဒလွဲများသည် အသင်းတော်၏သြ၀ါဒအား တိကျရှင်းလင်းစွာ မသိရှိထားသူများ၊ လူမှု ကွန်ယက်စာမျက်နှာများ၏ မာယာအားမသိရှိသူများ၊ ပွဲကြိုက်ခင်များ၊ အယူလွဲအကြောင်း မသိရှိသူများ၊ အယူလွဲသြ၀ါဒလွဲရှိသည်ကို မသိရှိသူများ၊ ဒေသနာဟု ခေါင်းစဉ်တပ်ထားသော တရားဟောချက်များအား Downloadချ နားထောင်တတ်သူတို့တွင် လွယ်ကူပျံ့နှံ့ တတ်လေ့ရှိသည်ကို တွေ့ရှိရသည်။

သိုးဖြူမှ သိုးမည်း

          အလုပ်လုပ်မထားသော အသင်းတော်များ အတွက် မဟာစိန်ခေါ်ချက်ဖြစ်သည်။    သိုးပျောက်နိုင်

သည်။ သိုးခိုးခံရနိုင်သည်။ သိုးမည်းဖြစ်သွားနိုင်သည်။

ငပျင်းသိုးထိန်းနှင့် ဆိတ်

          ငပျင်းသိုးထိန်းကြောင့်   ဆိတ်စိတ်ပေါက်သွားနိုင် ပေါက်သွားတတ်သည့်ကာလလည်း ဖြစ်သည်။

စိန်ခေါ်ချက်နှင့် လုပ်ဆောင်ရန်

          ဒီဂျစ်တယ်ကမ္ဘာနှင့် ယှဉ်ပြိုင်နေရသောခေတ်ကာလတွင် မိမိတို့၏သိုးများ  မည်သည့် အစာရေစာကိုစားသုံးနေကြသည်ကိုမျက်ခြေမပြတ် စောင့်ကြည့်ခြင်းအားဖြင့်  သိုးထိန်းကောင်းတို့၏  ဂုဏ်အင်္ဂါရပ်နှင့်အညီပြုမူကျင့်ကြံ နေထိုင်ကြပါစို့။