သခင့်မျက်နှာငယ်ခဏ်း

ဒီတော့

သခင်ဟာ သူ့နာမည်ကိုဝှက်ပြီး

ရှက်နေခဲ့ရတယ်


စင်္ကြ၀ဠာကြီးထဲက

အချစ်ရဆုံးလူသားတွေဟာ (သူ့ရဲ့)

ဖန်ဆင်းရှင်ကို အရှက်တရားတွေ

နောင်တတွေ အိတ်သွန်ဖာမှောက် သင်ပေးခဲ့ကြ


သခင်ဟာ

ချောင်ကွယ်လေးထဲက

ခပ်ကုပ်ကုပ်လေး ကြည့်နေခဲ့ရတယ်


သူ့ရဲ့မေတ္တာတရားတွေထက်

ဂိုဏ်းဂနတွေရဲ့ အာဏာစက်က ကြီးခဲ့တယ်


သူခိုးဓားပြတွေကို လွှတ်ပေးပါ

ပြီး... သခင့်ကို ကားစင်တင်ကြပါ


လူအုပ်ကြီးတွေ

လူအုပ်ခပ်ကြီးကြီးတွေ

နောက်လိုက်လူအုပ်ကြီးကြီးတွေ

သခင့်ကို ရိုက်နှက်ပြီး ဆယ်ဖီတွေဆွဲကြ

သခင့်ကို လှောင်ပြောင်ပြီးရိုင်းစိုင်းခဲ့ကြ

သခင့်ကို အယောင်ဆောင်တွေနဲ့ယှဉ်တွဲခဲ့ကြ


သခင့်မှာ

ခဏခဏ ကားစင်တက်နေရတယ် ။

 

ခန့်သစ်ရင်