သစ်ပင်

သစ်ပင်တစ်ပင်ကို ငါစိုက်မယ်

သစ်ပင်ဟာ ငါပိုင်တဲ့မြေနေရာမှာမစိုက်ဘူး

သစ်ပင်ဟာ နှစ်ရှည်ပင်

သစ်ပင်ဟာ ပြည်သူပိုင်နေရာမှာပေါက်လာမယ်

သစ်ပင်ဟာ ကြီးလာမယ်

သစ်ပင်ဟာ လူတွေမနှုတ်မခုတ်ကြဘူး

သစ်ပင်ဟာ နွေပူပူမှာ အရိပ်ပင်ဖြစ်လာတယ်

သစ်ပင်ဟာ မိုးရွာတဲ့နေ့တွေမှာ ထီးမပါသူတွေမိုးခိုလာကြမယ်

သစ်ပင်ဟာ ပန်းတွေပွင့်လာပြီး သူ့ပတ်ဝန်းကျင်ဟာ ပိုလှလာတယ်

သစ်ပင်ကို လူတွေဓာတ်ပုံရိုက်လာကြမယ်

သစ်ပင်ဟာ အသီးတွေပါ သီးလာမယ်

လူတွေဟာ သစ်ပင်ရဲ့ အသီးတွေ ခူးစားကြမယ်

သစ်ပင်ဟာ တဖြည်းဖြည်းရင့်လာမယ်

လူတွေဟာ သစ်ပင်ပေါက်လာပုံကို မတွေးကြဘူး

တစ်ခါတခါဆို သစ်ပင်ရှိရာကို ဖြတ်သွားကြပေမယ့်

တစ်ချက်တောင် မကြည့်ကြဘူး

တစ်ခါတခါဆို သစ်ပင်ကိုခုတ်လိုက်ကြဖို့ပြောသံတောင် ကြားရမယ်

သစ်ပင်ဘေးမှာ ငါအမြဲရှိနေခဲ့တယ်

သစ်ပင်ကို ငါမပိုင်တော့ဘူး

သစ်ပင်ဟာ ဘုရားသခင်ဖန်ဆင်းထားတာလို့

ဘုရားကျောင်းက ဓမ္မဆရာတစ်ယောက်က ငါ့ကိုပြောပြတယ် ။

 

ဆလိုင်းနံရံ