ရိုးရှင်းတဲ့နေ့များ

ပျော်ရွှင်ပါစေ ဆုတောင်းပေးခဲ့တယ်

တကယ်ပျော်ရွှင်ခြင်းရခဲ့သလား

စိတ်ပျက်တစ်လှည့် ပျော်တစ်လှည့် အရင်လိုပဲလား

နေမကောင်းတဲ့ ခွေးကလေး ဆေးထိုးပေးတာက

ကောင်းကင်နိုင်ငံရောက်ချင်လို့လား ဆိုတော့

ငြင်းလိုက်ရတယ်

နှလုံးသားကို နှလုံးသားအတိုင်း

ဦးနှောက်ကို ဦးနှောက်အတိုင်း

ဘယ်ပုဂ္ဂိုလ်ထူးရဲ့လမ်းစဉ်လိုက်နာမှလို့တော့ မဟုတ်ဘူး

ချစ်တတ်တာဟာ ချစ်ခိုင်းလို့မဟုတ်ဘူး

 ဘယ်သူလဲဆိုတော့

ခရစ်ယာန်လို့ပြောရင်ပြောမှာပေါ့

ဒါပေမယ့် ခရစ်ယာန်မို့လို့မှ မဟုတ်ပါဘူး

နှလုံးသားက နှလုံးသား

ဦးနှောက်က ဦးနှောက်မို့လို့လည်း ဖြစ်နိုင်တာပဲ ။

 

ဆလိုင်းနံရံ